အင်္ဂလန်လက်ရွေးစင်ဟောင်းတစ်ဦး အသက် ၃၅ နှစ်အရွယ်တွင် ကွယ်လွန်
====================
အင်္ဂလန်အမျိုးသမီးလူငယ်အသင်းလက်ရွေးစင်ဟောင်းအေမီကားလ်ဟာ အသက် ၃၅ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ရှာပါတယ်။

အင်္ဂလန်ယူ-၁၇ နှင့် ယူ-၁၉ အသင်းတို့တွင် ဂိုးသမားအဖြစ် ကစားခဲ့တဲ့ အေမီကားလ်ဟာ ဒုတိယအကြိမ်မြောက် ဦးနှောက်အကြိတ်တွေ့ရှိပြီးနောက် ကွယ်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

သူမဟာ ၂၀၁၅ ခုနှစ်တုန်းက ဦးနှောက်အကြိတ် ပထမဆုံးအကြိမ် တွေ့ရှိခဲ့တာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်တုန်းက ဒဗ္ဗလင်မာရာသွန်တွင် ဝင်ရောက်ပြေးကာ ရန်ပုံငွေ ပေါင် ၂၀၀၀ အထိ ရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။

ဟတ်ဖို့ဒ်ရှိုင်းယားဖွား ကားလ်ဟာ အာဆင်နယ်၊ ချဲလ်ဆီး၊ ရီးဒင်းတို့တွင် ကစားပြီးနောက် အမေရိကန်တွင် ဘောလုံးစကောလားရှစ်ယူခဲ့သူ ဖြစ်ပါတယ်။

သူမဟာ နော်ဝေကလပ် IL Sandviken တွင် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ကစားစဉ် ဦးနှောက်အကြိတ် တွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် သူမဟာ Milton Keynes တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

image