အလန်ရှီးယားနှင့် ရွိုင်ကိန်းတို့ရဲ့ ဝေဖန်မှုခံရတဲ့ အန်တိုနီဂေါ်ဒွန်အား အက်ဒီဟောင်းကာကွယ်ပြောကြားလာ
====================
နယူးကာဆယ်နည်းပြအက်ဒီဟောင်းဟာ ဘောလုံးဝေဖန်ရေးသမားများရဲ့ ဝေဖန်မှုများခံခဲ့ရတဲ့ အန်တိုနီဂေါ်ဒွန်အား ဘာစီလိုနာနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုခဲ့ရန် မိမိကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုလာပါတယ်။

အန်တိုနီဂေါ်ဒွန်ဟာ ဝိန်းရွန်းနီ၊ အလန်ရှီးယား၊ ရွိုင်ကိန်းတို့ရဲ့ ဝေဖန်မှုများ ခံခဲ့ရပြီးနောက် အင်္ဂါနေ့တုန်းက ဘာစီလိုနာနှင့် သရေကျတဲ့ နယူးကာဆယ်ရဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပွဲထွက်ကစားလာခဲ့ခြင်း မရှိပါဘူး။

အလန်ရှီးယားဟာ ဘာစီလိုနာနှင့်ပွဲမတိုင်မီ အန်တိုနီဂေါ်ဒွန် လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိကြောင်း သိရပြီးနောက် အင်္ဂလန်စတားမှာ ပွဲကို မလွဲ လွဲအောင် တမင်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ဂေါ်ဒွန်ဟာ ပွဲနေ့ နံနက်ပိုင်း အပေါ့စား လေ့ကျင့်ခန်းအစီအစဉ်တွင်လည်း မပါဝင်နိုင်ခဲ့ပါဘူး။

ယခုအခါ အက်ဒီဟောင်းက "ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်စရာ ရှိတယ်။ သူ့မှာ ဘာစီလိုနာနဲ့ပွဲမှာ ကစားနိုင်တဲ့ အခြေအနေ အပြည့်အစုံရှိတယ်။ ဝေဖန်မှုတွေ အများကြီး ရှိနေတာ သိပါတယ်။ သူ့ကို ပွဲထွက်ကစားသမားအဖြစ် မသုံးဖို့ ကျွန်တော်ပဲ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီနေ့ မနက်တုန်းက သူ နေမကောင်း ဖြစ်နေလို့ပါ။ လေ့ကျင့်ခန်းတောင် မဆင်းနိုင်ခဲ့ဘူး။ သူ ကစားဖို့ ပြင်ဆင်ခဲ့တယ်။ ဆေးအဖွဲ့ဆီက အကြံဉာဏ် ရယူပြီးတဲ့နောက် ပွဲကစားဖို့ ကြံ့ခိုင်မှု ရှိတယ်လို့ မထင်မှတ်ခဲ့ပါဘူး"လို့ ပြောကြားသွားပါတယ်။

ဂေါ်ဒွန်ဟာ လက်ရှိအချိန်တွင် နယူးကာဆယ်နှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပြီး စနေနေ့ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ချဲလ်ဆီးနှင့် ကစားရမယ့်ပွဲတွင် ပွဲထွက်လာပါတယ်။

ဒါ့အပြင် အက်ဒီဟောင်းက အန်တိုနီဂေါ်ဒွန်မှာ အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်နေမှုနှင့်အတူ ဖိအားများစွာ ခံစားနေရကြောင်းလည်း ဆိုသွားပါတယ်။

image