ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့တွေ့ဆုံ
မြန်မာ-တရုတ်နှစ်နိုင်ငံကြား အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအရှိန်အ ဟုန်မြှင့်တင်ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းတို့ ယနေ့ မတ် ၁၃ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲကောင်းမွန်သည့်ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့်ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း အားထုတ်မှုများတွင် တရုတ်နိုင်ငံမှအပြုသဘောပံ့ပိုးသွားမည်များ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများပူးပေါင်းတို-က်ဖျ-က်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်ရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။