ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်
ကျင်းပမည်
ယင်းအခမ်းအနားကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးအတွင်း၌ ကျင်းပမည်ဖြစ်သည်။
ထိုသို့ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ က ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့သေးသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဆဋ္ဌသင်္ဂါယနာတင်နှင့် ဆက်စပ်သည့် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ စာအုပ်စာပေများ ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည့်အကြောင်း ဆွေးနွေးကြသည်။
ထို့အတူ သာသနာတော်နှင့် သင့်လျော်ညီညွတ်သော အခမ်းအနားအဖြစ် စနစ်တကျ ကျင်းပနိုင်ရေး၊ ဆဋ္ဌသင်္ဂါယနာ သမိုင်းမှတ်တမ်းများကို ထိန်းသိမ်းဖော်ထုတ်ရေး၊ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ရေးတို့ကို ဆရာတော်ကြီးများက လမ်းညွှန်မိန့်ကြားခဲ့သည်။