အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု ကလေးဝမြို့ကိုဗဟိုပြုလှုပ်ခတ်
အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ကလေးဝမြို့ကိုဗဟိုပြု၍ ယနေ့ မတ် ၁၃ ရက်နံနက် ၂ နာရီ ၂၃ မိနစ် ၃၆ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ကလေးဝမြို့၏ အရှေ့-အရှေ့တောင်ဘက်(၉)မိုင်ခန့်အကွာ၊ အနက်(၉၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။