3 ရက် - ဘာသာပြန်ပါ။

မတ်လနှောင်းပိုင်း ခြေစမ်းပွဲများအတွက် အန်ဆယ်လော့တီရဲ့ဘရာဇီးလူစာရင်းတွင် နေမာ ပါဝင်လာ
====================
နေမာဟာ လာမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်များအတွက် ဘရာဇီးအသင်းရဲ့ ပဏာမလူစာရင်းတွင် ပြန်လည် ရွေးချယ်ခြင်းခံလာရပါတယ်။

နေမာဟာ မတ်လနှောင်းပိုင်းတွင် ပြင်သစ်၊ ခရိုအေးရှားတို့နှင့် ကစားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်လာမယ့် ဘရာဇီးရဲ့ ခြေစွမ်းပွဲစဉ်များအတွက် ပဏာမလူစာရင်းမှာ ရွေးချယ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

အသက် ၃၄ နှစ်ရှိ နေမာဟာ ဒဏ်ရာပြဿနာများ ကြုံလာနိုင်မှုအား ရှောင်လွဲနိုင်ရန်အတွက် ဆန်းတို့စ်ရဲ့ လာမယ့် မီရာဆိုလ်နှင့်ပွဲစဉ်တွင် ပါဝင်ကစားလာမှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း နေမာအနေဖြင့် ဘရာဇီးရဲ့ အပြီးသတ်လူစာရင်းတွင် ရွေးချယ်ခံရရေးအတွက် လူစာရင်းမထုတ်ပြန်မီ ကစားမယ့် ကိုရင်သီယန်နှင့်ပွဲတွင် ခြေစွမ်းပြကစားကာ အပြီးသတ်လူစာရင်းတွင် ရွေးချယ်ခံရရေး ဖိအားများအောက်သို့ ကျရောက်နေပြီလည်း ဖြစ်ပါတယ်။

နေမာအနေဖြင့် ကိုရင်သီယန်နှင့်ပွဲတွင် ခြေစွမ်းပြနိုင်ခြင်း မရှိပါက အန်ဆယ်လော့တီရဲ့ ဘရာဇီးအပြီးသတ်လူစာရင်းတွင် ချန်လှပ်ခံနိုင်ရဆဲလည်း ဖြစ်ပါတယ်။

အန်ဆယ်လော့တီရဲ့ ဘရာဇီးအသင်းပဏမလူစာရင်းတွင် ရီးရဲလ်မက်ဒရစ်မှ လိုင်ယွန်သို့ အငှားဖြင့် သွားရောက် ကစားစဉ်အတွင်း ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်မှူးအန်းဒရစ်လည်း ရွေးချယ်ခံထားရကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်သမားဟာ လိုင်ယွန်အတွက် ၁၀ ပွဲကစားထားရာမှာ ၅ ဂိုးသွင်းပြီး ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ဒါ့အပြင် အန်ဆယ်လော့တီရဲ့ ဘရာဇီးအသင်း ပဏာမလူစာရင်း ၅၀ ဦးကျော်စာရင်းထဲတွင် ဂျူဗင်တပ်နောက်ခံလူဘရီမာလည်း ပါဝင်နေပါတယ်။ ဘရီမာဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲနောက်ပိုင်းတွင် ဘရာဇီးအတွက် ကစားခွင့်မရလာခဲ့သူလည်း ဖြစ်ပါတယ်။

image