ဆီချွေတာရန် နေအိမ်မှအလုပ်လုပ်ကြဖို့ လူထုကို ဗီယက်နမ် ဆော်သြ

အီရန်စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများဖြစ်နေစဉ် လောင်စာဆီချွေတာရန်ကြိုးပမ်းမှု ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဝန်ထမ်းများကို နေအိမ်မှအလုပ်လုပ်သည့်အစီအစဉ်ကို အကောင်အထည်ဖော်ကြရန် ဒေသခံစီးပွားရေးလုပ်ငန်းများကို ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်သွင်းမှုများကို အကြီးအကျယ်အမှီပြုရသည့်ဗီယက်နမ်နိုင်ငံသည် အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲစတင်ခဲ့ပြီးနောက် လောင်စာဆီပြ-တ်တေ-ာက်မှုဒ-ဏ်ကို အဆိုးဆုံးခံရသည့် နိုင်ငံများထဲတွင် ပါဝင်ကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို ကိုးကား၍ အင်္ဂါနေ့တွင် အစိုးရက ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ လောင်စာလိုအပ်ချက်ကို လျှော့ချရန်အတွက် ဖြစ်နိုင်သည့်အချိန်အတိုင်းအတာအလိုက် နေအိမ်အလုပ်လုပ်သည့် အစီအစဉ်ကို ဆောင်ရွက်ကြစေရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည်လကုန်မှစ၍ အရှေ့တောင်အာရှနိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းများသည် ၃၂ ရာခိုင်နှုန်း၊ ဒီဇယ်ဆီ ၅၆ ရာခိုင်နှုန်းနှင့် ရေနံဆီ ၈၀ ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့ကြောင်း ထိပ်တန်းလောင်စာဆီကုန်သွယ်ရေးကုမ္ပဏီ Petrolimex မှ အချက်အလက်များအရ သိရသည်။ အင်္ဂါနေ့တွင် မြို့တော်ဟနွိုင်းရှိ ဓာတ်ဆီဆိုင်များ၌ ကားများနှင့် ဆိုင်ကယ်များ တန်းစီစောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရှိရသည်။ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် လောင်စာဆီ စုဆောင်းခြင်း သို့မဟုတ် ဈေးကစားခြင်းများ မလုပ်ကြရန်လည်း ဝန်ကြီးဌာနက တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ် ဖန်မင်းမင်းသည် လောင်စာဆီနှင့် ရေနံစိမ်းထောက်ပံ့မှုရရှိရန် ကူဝိတ်၊ ကာတာနှင့် ယူအေအီးနိုင်ငံများမှ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံ တနင်္လာနေ့တွင် ဖုန်းပြောခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလကုန်အထိ အကျိုးသက်ရောက်မည့် လောင်စာဆီသွင်းကုန်များအပေါ် အခွန်ပယ်ဖျက်မည့်အစီအစဉ်ကို တနင်္လာနေ့တွင် ဆုံးဖြတ်ခဲ့သည်။

Ref: အီးတီ

image