ပြည်တွင်းငြိမ်းချမ်းရေးတိုးတက်မှုရှိအောင်ဆောင်ရွက်မည်

နိုင်ငံ့အရေးဆောင်ရွက်ရာ၌ လူငယ်များပါဝင်မှုကိုမြှင့်တင်ပေးပြီး နိုင်ငံအနာဂတ်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရမည်

ပြည်တွင်းငြိမ်းချမ်းရေးတိုးတက်မှုရှိအောင်ဆောင်ရွက်မည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၈ ရက်က နိုင်ငံ တော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် မဖြစ်မနေတိုးတက်မှုရှိအောင်ဆောင်ရွက်သွားပါမယ်။ ပြည်သူလူထုအကျိုးကိုရှေးရှုပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဆောင်ရွက်ရပါမယ်။ တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး ပ-စ်ခတ်တို-က်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ဆက်လက်လျှောက်လှမ်းနေပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြော သည်။

ငြိမ်းချမ်းရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ်အ ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ပြီး NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်(၈၉)ကြိမ်၊ NCA လက် မှတ်ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်(၂၅)ကြိမ်၊ နိုင်ငံရေးပါတီများနှင့်(၂၂)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့်(၁၃)ကြိမ်(စုစုပေါင်း ၁၄၉ ကြိမ်)တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့သည်ဟု ပြောသည်။

" အဲဒီလိုဆွေးနွေးရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေး၊ ဒေသနဲ့တိုင်းပြည်အ တွက် အမှန်တကယ်လိုအပ်တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အချက်တွေကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဆွေးနွေးနိုင်ခဲ့တဲ့အချက်တွေကို လာမယ့်လွှတ်တော်မှာဆွေးနွေးပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမျိုးသားအဆင့်အားလုံးပါဝင်သည့် အခင်းအကျင်းဖြစ်ပေါ်လာစေရန် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးကိုအထောက်အကူပြုသည့် နည်းဗျူဟာများဖော်ထုတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့် နိုင်ငံတစ်ဝန်းရှိလူငယ်များ ငြိမ်းချမ်းရေး တည် ဆောက်မှုလုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှုရှိလာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များကိုကျင်းပပေးခဲ့သည်ဟု ပြောသည်။

အဆိုပါ ဖိုရမ်များမှရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက်များစွာအထောက်အကူပြုစေမည်ဖြစ်ကာ နိုင်ငံ့အရေးကိုဆောင်ရွက်ရာ၌ လူငယ်များပါဝင်မှုကိုမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ်ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။

လက်ရှိအခြေခံဥပဒေအား ယခုခေတ်စနစ်နှင့်အညီ ပြု ပြင်ရန်များရှိနိုင်ကာ အခြေခံဥပဒေခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေရေးဆွဲရာတွင် အရှည်မျှော် တွေးပြီး ဘက်ပေါင်းစုံမှစဉ်းစားရေးဆွဲရမည်ဖြစ်ပြီး အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည်အရေးပါသည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image