Grok ပို့စ်များအတွက် X ကို တိုင်ကြားမှု ပြုလုပ်လာကြတဲ့ ပရီးမီးယားလိဂ်ကလပ်များ
===================
ဗြိတိန်အာဏာပိုင်တို့က ဟေးလ်ဘရော့ချ်၊ ဟေဆယ်ကွင်းပြိုကျမှု၊ လီဗာပူးတိုက်စစ်မှူးဟောင်းဒီယေဂိုဂျိုတာ သေဆုံးမှု၊ ယူနိုက်တက်ရဲ့ မြူးနစ်လေယာဉ်ပျက်ကျမှုတို့နှင့်ပတ်သက်ပြီး Al Tool တစ်ခုဖြစ်တဲ့ Grok ရဲ့ X တွင် တင်လာတဲ့ ပို့စ်များမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး တာဝန်ယူမဲ့တဲ့ ပို့စ်များဖြစ်ကြောင်း ဆိုလာပါတယ်။

X အသုံးပြုသူများဟာ Grok အား လီဗာပူး၊ ယူနိုက်တက်တို့နှင့်ပတ်သက်တဲ့ ရိုင်းစိုင်းတဲ့ ပို့စ်များ ဖန်တီးရန် တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နှင့် လီဗာပးတို့ဟာ အီလွန်မတ်စ် ပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာ X ကို တိုင်ကြားမှုများပြုလုပ်ပြီးနောက် ယင်းမှ ပို့စ်အချို့တို့မှာ ဖယ်ရှားခြင်းခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။

AI Tool တစ်ခုဖြစ်တဲ့ Grok ဟာ အသုံးပြုသူများက ဆင်ဆာမဲ့ အကန့်အသတ်မဲ့ ပြုလုပ်ခိုင်းမှုများအား အဆုံးစွန်ထိ ပြုလုပ်လာမှုနှင့် ပို့စ်များ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

ယင်းမှ ပို့စ်အချို့တို့ကို X က ဖယ်ရှားထားပြီး ဖြစ်ပေမယ့်လည်း ပို့စ်အချို့တို့မှာ X တွင် ရှိနေဆဲလည်း ဖြစ်ပါတယ်။

Department for Science, Innovation and Technology ဌာနက Grok ရဲ့ လုပ်ဆောင်မှုက ဗြိတိန်ရဲ့ တန်ဖိုးနှင့် ယဉ်ကျေးသိမ်မွေ့မှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း၊ ပို့စ်တင်သူများအနေဖြင့်လည်း Online Safety Act နှင့်အညီ လုပ်ဆောင်သင့်ကြောင်း သတိပေးထားပါတယ်။

၁၉၈၉ ခုနှစ် ဟေးလ်ဘရော့ချ်ကွင်းပြိုကျစဉ်တုန်းက ကွင်းအတွင်း ရှိနေခဲ့တဲ့ လီဗာပူးအနောက်ဒါဘီအမတ် အီယန်ဘရိုင်နီက Grok ရဲ့ ပို့စ်များကြောင့် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ဆိုထားပါတယ်။

တဖက်တွင် ဗြိတိန်အွန်လိုင်းစောင့်ကြည့်ရေးအဖွဲ့ Ofcom ကလည်း နည်းပညာကုမ္ပဏီများအနေဖြင့် ၎င်းတို့ရဲ့ ပလက်ဖောင်းများတွင် တရားမဝင်တဲ့ ပို့စ်များ တင်လာမှုကို အထူးသတိထားပြီး ရှင်းလင်းမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း သတိပေးလာပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း Ofcom နှင့် အီးယူကော်မရှင်တို့ဟာ လူအစစ်ရဲ့ ဓာတ်ပုံများကို အသုံးပြုကာ Grok က လိင်ပိုင်းဆိုင်ရာပုံများ ဖန်တီးပေးနေမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။

image