ကွင်းအတွင်း မေ့လဲကျပြီးနောက် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးကစားသမားငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွား
====================
အသက် ၁၅ နှစ်အရွယ်ရှိ ပါရမီရှင်ကစားသမားတစ်ဦးဟာ ပွဲအတွင်း မေ့လဲကျပြီးနောက် သေဆုံးသွားခဲ့ပါတယ်။

အောက်စ်ဖို့ဒ်ယူနိုက်တက်ကစားသမားအမီလီယာအက်ပလင်ဟာ စနေနေ့တုန်းက အောက်စ်ဖို့ဒ်ရှိုင်းယား၊ ဟော့စပတ်ရှိ ကလပ်ရဲ့ လေ့ကျင့်ရေးစင်တာတွင် မေ့လဲကျခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ဖူလ်ဟမ်နှင့် အောက်စ်ဖို့ဒ်ယူနိုက်တက်ရဲ့ အမျိုးသမီးအကယ်ဒမီပွဲတွင် မေ့လဲကျခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတွင် ကလပ်ဘက်က သေဆုံးသွားကြောင်း အတည်ပြုလာတာလည်း ဖြစ်ပါတယ်။

အောက်စ်ဖို့ဒ်က အမီလီယာရဲ့မိသားစုနှင့် ယင်းအဖြစ်အပျက်ကြောင့် ရိုက်ခတ်မှု ဖြစ်ခဲ့တဲ့ ကစားသမားများ၊ နည်းပြများ၊ ဝန်ထမ်းများကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးသွားမယ်လို့ ဆိုထားပါတယ်။

အထက်ပါ အဖြစ်အပျက်ကြောင့် အောက်စ်ဖို့ဒ်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ရီးရဲလ်ဘက်ဖို့ဒ်တို့ ကစားမယ့်ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။

image