မုံရွာတွင် ဖမ်းဆီးရမိ ၄၅ ပေါင်ဝင် မီးသွေးအိတ် ၆၃၀ ကို လေလံတင်ရောင်းချမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ပုံစံ(၈)ဝင် ၄၅ ပေါင်ဝင် မီးသွေးအိတ် ၆၃၀ အိတ်ကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မီးသွေးများမှာ တန်အားဖြင့် ၁၀၀ ဒသမ ၈၀၀၀ တန်ရှိပြီး လေလံအစီအစဉ်ကို လာမည့် မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လေလံဆွဲဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာနှင့် လေလံစည်းကမ်းချက်များကို တစ်စုံလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် မတ်လ ၆ ရက်နေ့မှ မတ်လ ၁၂ ရက်နေ့အထိ သက်ဆိုင်ရာ သစ်တောဦးစီးဌာနတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည့် အချက်အလက်အသေးစိတ်ကို သစ်တောဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာဌာနသို့ ဖုန်းဖြင့်လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

image