ဖျာပုံမြို့နယ်နှင့်သာပေါင်းမြို့နယ်တို့တွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော် ထုတ်ချေး

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့်သာပေါင်းမြို့နယ်တို့တွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းအတွင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြအစိမ်းရောင်စီမံကိန်းအဖြစ် မြို့နယ်အလိုက် ကျေးရွာများတွင် မြစိမ်းရောင်အသင်းအဖွဲ့များဖွဲ့စည်းကာ ကျေးရွာများရှိ အသင်းသူအသင်သားများအား အရင်းမပျောက်လည်ပတ်ရံပုံငွေများ ထုတ်ချေးပေးနေကြောင်း သိရသည်။

ကျေးရွာနေပြည်သူများ အလုပ်အကိုင်အဆင်ပြေချောမွေ့စေရေး၊ မြို့ပြနှင့်ကျေးလက်ကွာဟချက်မြင့်မားမှုမရှိစေရေး ရည်ရွယ်ကြောင်းသိရသည်။

၂၀၂၆ ခုနှစ် မတ်လ ၈ ရက်တွင် ဖျာပုံမြို့နယ် တမန်သစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ သိန်း ၃၆၀ ကျော်နှင့်သာပေါင်းမြို့နယ် တံခွန်တိုင်ကျေးရွာရှိအသင်းသား၊ အသင်းသူ၊ အသင်းသူ ၇၅ ဦးတို့အား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၁၅ သိန်းထိ ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျေးရွာနေပြည်သူများ အနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ရေလုပ်ငန်းများ အဓိကထား လုပ်ကိုင်ကြကြောင်းသိရသည်။

image