အားကစားဆိုင်ရာဘောလုံးဒါရိုက်တာအီဒူးအား နော်တင်ဟမ်ဖောရက်စ် ထုတ်ပယ်လာ
==================
နော်တင်ဟမ်ဖောရက်စ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာဘောလုံးဒါရိုက်တာ အီဒူးအား ထုတ်ပယ်လာပါတယ်။

အသက် ၄၇ နှစ်ရှိ အီဒူးဟာ ပြီးခဲ့တဲ့ နွေရာသီတွင် အာဆင်နယ်အားကစားဒါရိုက်တာရာထူးမှ ထွက်ခွာလာပြီးနောက် နော်တင်ဟမ်ဖောရက်စ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာဘောလုံးဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လာခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဘရာဇီးလက်ရွေးစင်ဟောင်းဟာ နွေရာသီအပြောင်းအရွှေ့တုန်းက ကစားသမားဝယ်ယူအားဖြည့်မှုများနှင့်ပတ်သက်ပြီး နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုနှင့် ပြဿနာခဲ့ပါတယ်။

ထိုစဉ်တုန်းက ဖောရက်စ်ဟာ အီဒူးကို မျက်နှာသာပေးပြီး နူနိုအား ထုတ်ပယ်ရန် ရွေးချယ်ခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင် ဖောရက်စ်ဟာ နည်းပြ ၃ ဦးအထိ အပြောင်းအလဲ ထပ်မံ ပြုလုပ်ခဲ့ရပါတယ်။

အစောပိုင်းတုန်းက ဖောရက်စ်ဟာ အီဒူးကို အသင်းရဲ့ လေ့ကျင့်ရေးကွင်းနှင့် ဘောလုံးကွင်းသို့ မလာရောက်ရန် ပိတ်ပင်မှု ပြုလုပ်ခဲ့ပါတယ်။

ယခုအခါမှာတော့ ဖောရက်စ်ဟာ အသင်းတွင် ၈ လကြာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ အီဒူးကို ထုတ်ပယ်လာပြီလည်း ဖြစ်ပါတယ်။

image