ဘယ်လင်ဂမ်နှင့် ဘက်ပေးတို့ ဒဏ်ရာရရှိနေချိန်တွင် ကာရီရက်စ် ဒဏ်ရာထပ်မံ ရရှိလို့ မန်စီးတီးနှင့်ပွဲအတွက် ပြဿနာကြုံတွေ့လာနေတဲ့ ရီးရဲလ်မက်ဒရစ်
===================
ရီးရဲလ်မက်ဒရစ်ရဲ့ မန်စီးတီးနှင့်ပွဲအတွက် ပြင်ဆင်မှုမှာ ဒဏ်ရာပြဿနာများကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်နှင့် ကြုံတွေ့နေရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဂျူ့ဘယ်လင်ဂမ်နှင့် ကိုင်လီယန်ဘက်ပေးတို့က ဒဏ်ရာကြောင့် မန်စီးတီးနှင့်ပွဲအား လွဲချော်ရန် သေချာနေတဲ့အချိန်တွင် ဘယ်နောက်ခံလူအယ်ဗာရိုကာရီရက်စ်မှာလည်း ဒဏ်ရာရရှိလာမှုနှင့် ကြုံလာရတာပါ။

စပိန်ဘယ်နောက်ခံလူအယ်ဗာရိုကာရီရက်စ်ဟာ ဘယ်ဖက်ခြေသလုံးဒဏ်ရာရရှိလာမှုနှင့်အတူ မန်စီးတီးနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အား ပါဝင်ရန် မရေမရာ ဖြစ်နေပါတယ်။

AS ရဲ့ ဖော်ပြလာမှုအရ ကာရီရက်စ်ဟာ ကစားဖော်များနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိဘဲ တကိုယ်တော် အားကစားခန်းမတွင် လေ့ကျင့်ခန်းဆင်းနေရကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင် ရီးရဲလ်မက်ဒရစ်ဆေးအဖွဲ့က ကာရီရက်စ်ရဲ့ အခြေအနေကို တစ်နေ့ချင်းစီ စောင့်ကြည့်နေပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အား ကစားရမည်ဖြစ်ရာ ကာရီရက်စ်အတွက် ကြံ့ခိုင်မှုပြည့်ဝရေး အချိန်ရရှိမှုနည်းပါးနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လင်ဂမ်အား ဖေဖော်ဝါရီလကတည်းက ဆုံးရှုံးလာရသလို ဘက်ပေးမှာလည်း ဒူးဒဏ်ရာရရှိနေမှုကြောင့် ဘာနေဗျူးတွင် ကစားမယ့် မန်စီးတီးနှင့်ပွဲကို ဆုံးရှုံးထားရပါတယ်။

ဘယ်လင်ဂမ်နှင့် ဘက်ပေးတို့ဟာ အီတီဟတ်ကွင်းတွင် မန်စီးတီးအား ရင်ဆိုင်ကစားရမယ့် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင်မှ ပါဝင်ကစားရန် အဓိကပစ်မှတ်ထားနေကြပါတယ်။

image