ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းစတင်ဖွင့်လှစ်
ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်ရှိ တပ်မတော်(ရေ)၊ ရေ တပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းကို ယနေ့ မတ် ၈ ရက်ကစတင်ဖွင့်လှစ်ရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်း က မ္ပည်းကျောက်စာတိုင်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကာ Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယခုဖွင့်လှစ်သည့် တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်(၂)စီး ဧရာခင်းမင်္ဂလာအပါအဝင် တပ်မတော်(ရေ)တွင်တည်ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)နှင့် မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ် (၄)စီးတို့တပ်တော်ဝင်နိုင်မည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေလုံလွန်းကျင်းကြီးသည် နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်၍ ရေလုံလွန်းကျင်းနှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့်စနစ်တကျအသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပကုန်သွယ်ရေ ကြောင်း ရေယာဉ်ကြီးများတည်ဆောက်ပြုပြင်နိုင်သည်အထိကြိုးပမ်းဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ရန်၊ ပခုံးပြောင်းတာဝန်ထမ်းဆောင်မည့်တပ်မတော်(ရေ)မျိုး ဆက်သစ်အရာရှိ၊ စစ်သည်များကို ကောင်းမွန်သည့်အစဉ်အလာကောင်းများလက်ဆင့်ကမ်းပေးရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်း တပ်မတော်၏ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူထိန်းသိမ်း စောင့်ရှောက်ရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်း ကျင်းတည်ဆောက်ရေးတာဝန်ယူခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးထံ စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုသစ်သီးခြင်းအား ရေလုံလွန်းကျင်းတည်ဆောက်ရေးတာဝန်ယူခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌထံပေးအပ်ခဲ့ကြောင်း သိရသည်။