4 ရက် - ဘာသာပြန်ပါ။

မဟာအောင်မြေမြို့နယ်ရှိ မန္တလေးငလျင်ဒ-ဏ်ကြောင့်ပျ-က်စီးခဲ့သည့် မီးသတ်ရေလှောင်ကန်များကိုပြင်ဆင်ရန်စစ်ဆေး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မန္တငေလျင်ကြီးဒ-ဏ်ကြောင့်ပျ-က်စီးခဲ့သည့် မီးသတ်ရေလှောင်ကန်များအားပြန်လည်ပြင်ဆင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ရင်းမှတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း မဟာအောင်မြေမြို့ နယ်အရန်မီးသတ်တပ်ရင်းရုံးထံမှ သိရသည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက် ၈၄ လမ်းနှင့် လမ်း ၄၀ ထောင့်ရှိ ရေအပေါ်ကန် ဂါလံ(၈,၀၀၀)ဆံ့မီး သတ်ရေလှောင်ကန်နှင့် ရွှေဘုန်းရှိန်ရပ်ကွက် ၈၂ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ မြေအောက်ရေကန်ဂါလံ (၁၂,၅၀၀)ဆံ့မီးသတ်ရေလှောင်ကန်တို့ပျ-က်စီးကာ ရေသိုလှောင်ရန်အဆင်မပြေတော့ကြောင်း သိရသည်။

image