မန်းစ်ဖီးလ်ဒ်နိုင်ပွဲတွင် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာတဲ့ အာဆင်နယ်လူငယ်ပါရမီရှင်မက်စ်ဒေါ်မန်း
====================
အာဆင်နယ်လူငယ်ပါရမီရှင်မက်စ်ဒေါ်မန်းဟာ မန်းစ်ဖီးလ်ဒ်တောင်းအား အနိုင်ရတဲ့ အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်တွင် ပွဲထွက်ကစားခွင့် ရရှိပြီးနောက် အာဆင်နယ်သမိုင်းတွင် အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။

အသက် ၁၆ နှစ်အရွယ်ရှိ မက်စ်ဒေါ်မန်းဟာ အာဆင်နယ်ရဲ့ ၂၀၂၅ ခုနှစ် အာရှရာသီကြိုခရီးစဉ်တွင် လိုက်ပါခွင့် ရပြီးနောက် ၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းက လိဒ်အား ၅-၀ ဖြင့် အနိုင်ရတဲ့ပွဲတွင် အာဆင်နယ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပါတယ်။

အသက် ၁၆ နှစ်ရှိ အလယ်တန်းကစားသမားဟာ မန်းစ်ဖီးလ်ဒ်ပွဲစဉ်မှာတော့ အာဆင်နယ်အတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခင့် ရရှိလာချိန်မှာတော့ အသက်အရွယ်နှင့် မမျှအောင် ထိပ်တန်းခြေစွမ်းဖြင့် ကစားနိုင်ခဲ့ကာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ မန်းစ်ဖီးလ်ဒ်နှင့်ပွဲစဉ်တွင်ပင် အသက် ၁၆ နှစ် အရွယ်ရှိ နောက်ခံလူဆယ်မွန်ကိုလည်း ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။

အာဆင်နယ်ဟာ မက်စ်ဒေါ်မန်းနှင့် ဆယ်မွန်တို့အား မန်းစ်ဖီးလ်ဒ်နှင့်ပွဲတွင် ပွဲထွက် ကစားသမားအဖြစ် အသုံးပြုပြီးနောက် အသက် ၁၆ နှစ်အောက် ကစားသမား ၂ ဦးကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုတဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ်အဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်းစ်ဖီးလ်ဒ်တောင်းကို မာဒူကီ၊ အီးဇီးတို့ရဲ့ ဂိုးတွေဖြင့် ၂-၁ ဖြင့် အနိုင်ရရှိလာခဲ့ပေမယ့်လည်း ထရိုဆတ်နှင့် ကာလာဖီအိုရီတို့ ဒဏ်ရာရရှိသွားခဲ့မှုနှင့်အတူ စိုးရိမ်စရာ ကြုံနေရပါတယ်။

အာတီတာဟာ ယင်းပွဲစဉ်တွင် အသင်းရဲ့အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ ဒီကလန်ရိုက်စ်၊ ဂါဘရီရယ်၊ မာတင်ဇူဘီမန်ဒီတို့အား အနားပေးခဲ့ပါတယ်။

image