ရာသီစာ မျောက်ငိုသီး
မျောက်ငိုသီးပင်က ဘောစကိုင်းပင်နဲ့ မတူပါဘူး။ ဘောစကိုင်းက အပူပိုင်းပေါက်ပင်ဖြစ်ပြီး မျောက်ငိုသီးပင်က အအေးပိုင်းပေါက်ပင်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နယ်နဲ့ ချင်းပြည်နယ်တွေမှာ အများအပြားရှိပါတယ်။
မျောက်ငိုသီးထဲမှ Tryptophan ဓာတ် က လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ Serotonin အဖြစ်သို့ပြောင်းလဲသွားသောကြောင့်
စိတ်ကိုပေါ့ပါးစေပြီး စိတ်နေစိတ်ထားကို ပြောင်းလဲပေးတာမို့ စိတ်ဖိအားကိုလျှော့စေနိုင်တဲ့စွမ်းအားရှိပါတယ်။
ဗီတာမင် B6 ပါရှိပြီးသွေးချိုကို မျှတအောင်ညှိပေးနိုင်တာမို့ စိတ်ကိုပျော်ရွှင်လန်းဆန်းစေပါတယ်။
မြင့်မားသောသံဓာတ်ပါရှိတယ်။
မျောက်ငိုသီးရဲ့ နှိုးဆွမှုကြောင့်သွေးထဲမှ (hemoglobin) သွေးနီဥကိုထုတ်လုပ်နိင်တာမို့သွေးအားနည်းတဲ့အခါအထောက်အကူ ပြုနိုင်ပါတယ်။
နှလုံးရောဂါအတွက်လည်း အထောက်အကူပြုပါတယ်။
နေ့တိုင်း မနက်စာ၊ နေ့လည်စာတွင်မျောက်ငိုသီးကိုစားရင် ဦးနှောက်အတွက် အထောက်အကူပြုနိုင်ပါတယ်။
အမျှင်ဓာတ်များပါဝင်တာမို့ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
မျောက်ငိုသီး နှင့်ပျားရည်တို့စားခြင်းဖြင့် (အရက်မူးပြေစေပါတယ်)
မျောက်ငိုသီးနှင့် ပျားရည်က အစာအိမ်ကိုအနားယူစေပြီး သွေးချိုကို ညီမျှအောင်ညှိပေးနိုင်စွမ်းရှိပါတယ်။
မျောက်ငိုသီးက လူ့ခန္ဓာကိုယ်ထဲကိုရောက်တဲ့အခါ သဘာဝ ခုခံနိင်သော အက်ဆစ်ဖြစ်သွားတာမို့ အစာအိမ်မကောင်းသူများအတွက်
မကြာခဏ စားသုံးသင့်ပါတယ်။
ဝိတ်ကျစေနိုင်ပါတယ်။
ကိုယ်ဝန်ရှိနေစဉ် မျောက်ငိုသီး စားခြင်းဖြင့် မျောက်ငိုသီးက သွေးချိုကို ညှိပေးနိင်တာမို့ အော့အန်ခြင်းကို ကာကွယ်ပေးနိင်ပါတယ်။
ခြင်ကိုက်ခံရတဲ့နေရာကို မျောက်ငိုသီးလိမ်းပေးခြင်းဖြင့် အရေပြားယားယံ ရောင်နေခြင်းနှင့် နာကျင်မှုကိုလျှော့စေတယ်။
မျောက်ငိုသီးတွင် Vit B6 , V12 ၊ ပိုတက်ဆီယမ်နှင့် မက်ဂနီဆီယမ် ပါဝင်တာမို့ ကိုယ်ခန္ဓာပြန်လည်ကောင်းမွန်ရန်အထောက်အကူပြုပါတယ်။