MAI ၏ ရန်ကုန် - ဒူဘိုင်း လေကြောင်းခရီးစဉ် ပြန်လည်ပျံသန်း

ယနေ့ မတ်လ (၆) ရက်မှ စတင်ပြီး MAI ၏ ရန်ကုန် - ဒူဘိုင်းလေကြောင်းခရီးစဉ် ပြန်လည်ပျံသန်းနေပြီဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်ကို ဒေသတွင်း လေကြောင်းလမ်းပိတ်ဆို့မှုများကြောင့် Myanmar Airways Internati onal (MAI) ယာယီရပ်နားထားခြင်းဖြစ်သည်။

"မနက် ၈ နာရီ ၄၅ မိနစ်အချိန်က လေယာဉ်ထွက်သွားပါပြီ။ မနက်ဖြန်မရှိဘူး။ သဘက်ခါထွက်ပါမယ်" ဟု Myanmar Airways International (MAI) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Myanmar Airways International (MAI) က ဒူဘိုင်းတွင် ဒေသဆိုင်ရာ လေပိုင်နက် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီ ဒူဘိုင်းမှ ထွက်ခွာရန် adhoc flight ကို မတ် (၆) ရက်တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။

image