နိုင်ငံတော်ယာယီသမ္မတထံ နီကာရာဂွါနိုင်ငံသံအမတ်ကြီးက သံအမတ်ခန့်အပ်လွှာပေးအပ်
မြန်မာ-နီကာရာဂွါနိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံသံအ မတ်ကြီး H.E. Mr. Segundo Martin Calero Escorcia က ယနေ့ မတ် ၅ ရက်က ၎င်း၏သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့သည်။
ထို့နောက် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ နှစ်နိုင်ငံကြား ကူးလူးဆက်ဆံမှုများနှင့် စီးပွားရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားလာမှုကဏ္ဍနှင့် အခြားကဏ္ဍများ၌ ပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နီကာရာဂွာနိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာ စာတွင် မြန်မာနိုင်ငံဘက်မှရပ်တည်ဆောင်ရွက်ပေး လျက်ရှိမှု၊ နှစ်နိုင်ငံကြားလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နယ်ပယ်ပေါင်းစုံတွင်မြှင့်တင်ရေး၊ မြန်မာနိုင်ငံနှင့် နီကာရာဂွာနိုင်ငံတို့ကြားပူးပေါင်းဆောင် ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့မှု၊ ရွေးကောက်ပွဲကျင်းပချိန်တွင် မြန်မာနိုင်ငံဆိုင်ရာနီကာရာဂွါနိုင်ငံသံအမတ်ကြီးအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများလာရောက်လေ့လာခဲ့မှု၊ ရွေးကောက်ပွဲကျင်းပချိန်တွင် ပြည်သူများအနေဖြင့် အားတတ်သရော ပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ အဆိုပါရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားသည့်ကန့်ကွက်မှုများမရှိ၍ အောင်မြင်သည့်ရွေးကောက်ပွဲတစ်ရပ်အ ဖြစ်ကျင်းပနိုင်ခဲ့မှု၊ မကြာမှီ လွှတ်တော်ကျင်းပမည့် အ ခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။