တာမွေမီးပွိုင့်တွင် ယာဉ် (၁၀)စီး ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေ မီးပွိုင့်အနီးတွင် ယနေ့ မတ်လ (၅) နေ့လယ်ပိုင်းက ယာဉ် (၁၃) စီး ကျော်ဆင့်တိုက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်များထံမှ သိရသ ည်။
“ရွှေဗဟိုဆေးရုံရှေ့နားမှာပါ၊ လူထိခိုက်သေဆုံးတာ မရှိပါဘူး။ YBS 144 က မီးပွိုင့်စောင့်နေတဲ့ ယာဉ်တွေကို ဝင်တို က်တာ” ဟု ဖြစ်စဉ်ကို သိရှိသူက တစ်ဦးက ဆိုသည်။
အဆိုပါ ယာဉ်သည် ကြက်ဘဲစျေးဘက်မှ တာမွေအဝိုင်းဘ က်သို့ မောင်းနှင်လာသော ယာဉ်ဖြစ်ပြီး ယာဉ် (၁၀) စီး ကျော် ဆင့်တိုက်ခဲ့ခြင်းဖြစ် ကြောင်း ဖြစ်စဥ်ကို မျက်မြငိတွေ့သူများက မျှဝေကြသည်။
"တာမွေ မီးပွိုင့် ရွှေဗဟိုဆေးရုံရှေ့ ယဉ်တိုက်မူ ၊ ကား တိုက် တာ လူတွေတော့မထိဘူး၊ လိုင်းကား ဘရိတ် ပေါက်တယ်လို့ပြောတာပဲ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
အခင်းဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့သည့် မေတ္တာညွန့်လူမှုကူညီရေးအသင်းကလည်း "တာမွေဗလီထိပ် ကား (၁၀) စီး ကျော်ဆင့်တိုက်၊ ကံကောင်းစွာဖြင့် ဒါဏ်ရာရရှိသူမရှိ" ဟု ရေး သားထားသည်။
Photo- YRO