ပထမဆုံး ရှုံးပွဲကြုံပြီးနောက် ဆာအဲလက်စ်ဖာဂူဆန်ကဲ့သို့ ကာရစ် အကြောင်းပြချက် ပေးလာ
===================
မိုက်ကယ်ကာရစ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက စိန့်ဂျိမ်းစ်ပါ့ခ်တွင် ပထမဆုံး ယူနိုက်တက်ရှုံးပွဲ ကြုံရပြီးနောက် ဆရာဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကဲ့သို့ အကြောင်းပြချက် ပေးလာပါတယ်။

မိုက်ကယ်ကာရစ်ဟာ ဇန်နဝါရီလတွင် ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ပထမဆုံး ၇ ပွဲတွင် ၆ ပွဲနိုင်၊ ၁ ပွဲ သရေရလဒ် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ညတုန်းက စိန့်ဂျိမ်းစ်ပါ့ခ်ပွဲစဉ်မှာတော့ ၁၀ ယောက်ကျန် နယူးကာဆယ်ကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် မိုက်ကယ်ကာရစ်ဟာ ပထမဆုံးရှုံးပွဲ ကြုံရမှုအတွက် ကစားသမားများကို အပြစ်ဖို့လာခြင်း မရှိပါဘူး။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဘရိုက်တန်ကို ရှုံးနိမ့်ပြီးချိန်မှာတော့ နည်းပြဟောင်းရူဘင်အမိုရမ်က "ဒီအသင်းက မန်ချက်စတာယူနိုက်တက်သမိုင်းမှာ အဆိုးရွားဆုံးအသင်း ဖြစ်နိုင်ပါတယ်"လို့ ကစားသမားများကို အပြစ်ဖို့ ခဲ့ပါတယ်။

ဒါပေမယ့် မိုက်ကယ်ကာရစ်ကတော့ ဆရာဟောင်းဆာအဲလက်စ်ဖာဂူဆန်ကဲ့သို့ "အသင်းတိုင်း ရှုံးတာပါပဲ။ ဒါက ပွဲရဲ့ အစိတ်အပိုင်းပါ။ ဒါက ရေတွက်နေရမယ့်အရာပါ။ ကျွန်တော်တို့ စိတ်ပျက်ရတယ်။ နာကျင်ရတယ်။ အကောင်းဆုံးပုံစံနဲ့ ရောက်လာတယ်။ စီစဉ်ထားသလို မဖြစ်လာတော့ စိတ်ပျက်ရတယ်။ နှစ်လမ်းသွား မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကာရစ်ဦးဆောင်တဲ့ ယူနိုက်တက်ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့တွင် အိုးထရက်ဖို့ဒ်ကွင်းတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလွန်အရေးပါတဲ့ပွဲအဖြစ် အဆင့် ၄ နေရာမှ ဗီလာကို ဧည့်ခံကစားရပါမယ်။

image