မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်း မနက်ဖြန် ဒုတိယခြေစမ်းပွဲ ဆက်ကစားမယ်

မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်းတို့ဟာ မနက်ဖြန် (မတ် ၅) ညနေ (၆) နာရီမှာ ဒုတိယခြေစမ်းပွဲ ဆက်လက်ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်းတို့ဟာ မနက်ဖြန်မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ဆက်လက်ခြေစမ်းကစားမှာဖြစ်ပြီး ပရိသတ်များကို ကွင်းဝင်ကြေး အခမဲ့အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က သတ်မှတ်ပေးထားပါတယ်။

မြန်မာ ယူ- ၁၇ အသင်းနဲ့ အိန္ဒိယ ယူ- ၁၇ အသင်းတို့ဟာ ပြီးခဲ့တဲ့မတ်လ (၃) ရက်က ပထမ​ခြေစမ်းပွဲ ယှဥ်ပြိုင်ကစားခဲ့ရာမှာ အိန္ဒိယ ယူ- ၁၇ အသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာ ယူ- ၁၇ အသင်းရော အိန္ဒိယ ယူ- ၁၇ အသင်း နှစ်သင်းစလုံးဟာ ၂၀၂၆ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ရှိနေတာကြောင့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ခြေစမ်းကစားနေကြတာ ဖြစ်ပါတယ်။

မြန်မာ ယူ- ၁၇ အသင်းဟာ ၂၀၂၆ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲမတိုင်မီ လာမယ့်ဧပြီအတွင်း ၂၀၂၆ အာဆိယံ ယူ- ၁၇ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ရှိနေပါတယ်။

image