ဝက်စ်ဟမ်းတွင် အလေးမခွင့် ပိတ်ပင်ခြင်းခံထားရတဲ့ ထရာအိုရီ
===================
အဒါမာထရာအိုရီဟာ ဝက်စ်ဟမ်းလေ့ကျင့်ရေးကွင်းတွင် နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုရဲ့ အလေးမခွင့် ပိတ်ပင်ခြင်းခံထားရပါတယ်။

‌အသက် ၃၀ နှစ်ရှိ တောင်ပံကစားသမားဟာ ကြွက်သားသန်မာကြီးထွားသူအဖြစ် နာမည်ကြီးသူ ဖြစ်ပြီး နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုက လုံလောက်တဲ့ ကြွက်သားများ ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် ဝိတ်မမရန် တားမြစ်ထားတာလည်း ဖြစ်ပါတယ်။

စပိန်တောင်ပံကစားသမားဟာ အစောပိုင်းတုန်းက အလေးမခြင်း မရှိကြောင်း ပြောဆိုထားပေမယ့်လည်း ပြီးခဲ့တဲ့အတုန်းက ကစားဖော်ဆမ်းမားဗီလီက ရပ်ရှ်ဂရင်းလေ့ကျင့်ရေးကွင်းတွင် 145kg အား bench-pressing တွန်းနေတဲ့ ဗီဒီယိုအား တင်ခဲ့ပါတယ်။

နူနိုက "သူ့ခန္ဓာကိုယ်က အံ့ဩစရာကောင်းတယ်။ နဂိုဗီဇလည်း ကောင်းတယ်။ သူ့ဗီဇကြောင့် ဒီလို ဖြစ်နေတာပါ။ အားကစားခန်းမကို သူရှောင်သင့်တယ်။ အားကစားရုံနဲ့ ဝေးဝေးနေဖို့ သူ့ကို ပြောထားတယ်။ သူ တကယ် သဘောပေါက်သင့်တဲ့အရာတစ်ခုလို့ ထင်တယ်။ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ ဝိတ်ရှိနေပြီးသားလေ။ အားကစားရုံမှာ ကြိုတင်ကာကွယ်ရေးလေ့ကျင့်ခန်း လုပ်မယ်။ ဒါပေမယ့် အလေးတော့ မလို့ မရဘူး"လို့ ပြောကြားသွားပါတယ်။

ထရာအိုရီဟာ ယခုရာသီတွင် ဖူလ်ဟမ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၂၀ ကစားပြီးနောက် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ဝက်စ်ဟမ်းသို့ ပေါင် ၂ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပါတယ်။

ဘာစီလိုနာအကယ်ဒမီထွက်ဟာ ဝက်စ်ဟမ်းအတွက် ပရီးမီးယားလိဂ်တွင် အရန်အဖြစ် ၄ ပွဲ ဝင်ရောက် ကစားထားပါတယ်။

နူနိုအက်စ်ပီရီတိုဆန်တိုဟာ ဝုဗ်အား ကိုင်တွယ်စဉ်တုန်းကလည်း ထရာအိုရီနှင့် လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။

image