အယ်ဘမ်ထုတ်ကာ ဟစ်ဟော့ပ်လောကသို့ ဝင်ရောက်နေတဲ့ တချိန်က ဥရောပတစ်တိုက်လုံးရဲ့ အလိုရှိခြင်းခံခဲ့ရတဲ့ တိုက်စစ်မှူး
====================
တချိန်တုန်းက ဥရောပထိပ်သီးကလပ်တိုင်းရဲ့ အလိုရှိခြင်းခံခဲ့ရတဲ့ တိုက်စစ်မှူးဂျက်ဆင်မာတီနက်ဇ်ဟာ ကွင်းထဲမှာ ဂိုးမသွင်းတော့ဘဲ ကာရန်တွေ ရွတ်ကာ ဟစ်ဟော့ပ်လောကသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်ရှိ ပေါ်တိုတိုက်စစ်မှူးဟောင်းဟာ ဘာသာရေးနွယ်တဲ့ ဟစ်ဟော့ပ်သီချင်းများ သီဆိုလာတာလည်း ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ ပထမဆုံးအယ်ဘမ်အဖြစ် ၂၀၁၈ ခုနှစ်တုန်းက “No Temeré” ကို ထွက်ခဲ့ပါတယ်။ အယ်ဘမ်ခေါင်းစဉ် အဓိပ္ပါယ်က “I Will Not Fear” ဖြစ်ပါတယ်။ ယင်းနောက် “Escucha” (အဓိပ္ပါယ် Listen) ဆိုတဲ့ အယ်ဘမ် ထွက်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာတော့ သူဟာ နောက်ဆုံးအယ်ဘမ်အဖြစ် ‘Cuatro Trece"ကို ထွက်ခဲ့ပါတယ်။

သူဟာ သူ့သီချင်းများကို YouTube တွင် ပုံမှန်တင်လေ့ရှိပြီး ကြည့်ရှုနားထောင်သူ ၄၀၀၀၀ ဝန်းကျင်မှ ၉၅၀၀၀ အထိ ပိုင်ဆိုင်ထားပါတယ်။

သ့ရဲ့ နောက်ဆုံး သီချင်းက 'A Solas' ဖြစ်ပြီး နားထောင်သူ ၁၅၀၀၀ ဝန်းကျင် ပိုင်ဆိုင်ထားပါတယ်။

အသက် ၃၉ နှစ်ရှိ မာတီနက်ဇ်ဟာ‌ ပေါ်တိုတွင် ကစားတဲ့ ၃ ရာသီတွင် ၁၃၂ ပွဲတွင် ၉၂ ဂိုးအထိ သွင်းခဲ့ပါတယ်။

ယင်းနောက် သူဟာ အက်သလက်တီကိုသို့ ပေါင်သန်း ၃၀ ဝန်းကျင့်ဖြင့် ပြောင်းခဲ့ပါတယ်။ သူဟာ ပေါ်တိုတွင် ကစားနေစဉ်အတွင်း အာဆင်နယ်ရဲ့ ဆက်သွယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် အာစင်ဝင်းဂါးဟာ ကလပ်ဘက်က ငွေကြေးထောက်ပံ့မှု အားနည်းမှုကြောင့် မာတီနက်ဇ်ကို မခေါ်ယူနိုင်ခဲ့ဘဲ ပီတာချက်နှင့် မိုဟာမက်အယ်နီနီကိုသာ ခေါ်ယူခဲ့ရပါတယ်။

သူဟာ အက်သလက်တီကိုမှာတော့ အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်ခဲ့ရကာ တရုတ်စူပါလိဂ်သို့ ပြောင်းကစားခဲ့ရပါတယ်။

သူဟာ တရုတ်တွင် တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ အထိ ရရှိခဲ့ပေမယ့်လည်း Guangzhou Evergrande တွင် ကစားတဲ့ သုံးနှစ်တွင် ၄ ဂိုးတည်းသာ သွင်းနိုင်တဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။

ယင်းနောက် သူဟာ ပေါ်တူဂီကလပ် ပေါ်တိုမွန်နက်စ်သို့ ပြောင်းကာ ၂ ရာသီကစားရာမှာ ၁၂ ဂိုးသွင်းပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။

image