တီဟီရန်ကို တိုက်ခိုက်မှုလှိုင်းအသစ် အစ္စရေးစတင်
--------------------------------
အစ္စရေးစစ်တပ်က တီဟီရန်ကို တိုက်ခိုက်မှုလှိုင်းသစ်တစ်ခု စတင်လိုက်ပြီလို့ ပြောကြားလိုက်တာကို မတ်လ ၃ ရက်က CNN သတင်းမှာထုတ်ပြန်ထားပါတယ်။ တီဟီရန်မြို့ရှိ ဒေသခံတွေ၊ အထူးသဖြင့် နိုင်ငံပိုင်ရုပ်သံ IRIB ဌာနချုပ်အနီးမှာ နေထိုင်သူတွေအတွက် ဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့ သတိပေးချက်ထုတ်ပြန်ပြီးနောက် အစ္စရေး စစ်တပ်က တီဟီရန်ကို တိုက်ခိုက်မှုလှိုင်းသစ်တစ်ခုစတင်လိုက်လို့ ကြေညာချက်ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုတွေကို အီရန်က ပဲ့ထိန်းဒုံးကျည်သုံးပြီး လက်စားချေခဲ့ပြီးနောက်ပိုင်း အစ္စရေးမှာ အသေအပျောက်အများဆုံးဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အီရန်ကို လက်တုံ့ပြန်တဲ့အနေအနေနဲ့ အစ္စရေးစစ်တပ်က တီဟီရန်ကို တိုက်ခိုက်မှုလှိုင်းသစ် စတင်ပြီလို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

image