ဝုဗ်နှင့်ပွဲကိုလည်း ဖလိုရီယန်ဝါ့ဇ် လွဲချော်လာဦးမည်ဟု အန်းဆလော့ အတည်ပြုလာ
=====================
အန်းဆလော့က ဖလိုရီယန်ဝါ့ဇ်မှာ လီဗာပူးရဲ့ လာမယ့် ဝုဗ်ပွဲစဉ်အထိ ပြန်လည် ကစားလာနိုင်ဦးမှာ မဟုတ်ကြောင်း အတည်ပြုလာပါတယ်။

ဂျာမန်ကွင်းလယ်ဖန်တီးရှင်ဟာ စနေနေ့တုန်းက ဝက်စ်ဟမ်းအား ၅-၂ ဂိုးဖြင့် အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အား ကျောဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

ပွဲအပြီးတွင် ဒတ်ချ်လူမျိုးနည်းပြက လေဗာကူဆင်စတားဟောင်းမှာ အင်္ဂါနေ့ည ဝုဗ်နှင့်ပွဲတွင်လည်း ပါဝင်လာနိုင်မှာ မဟုတ်ကြောင်း ဆိုလာပါတယ်။

ဖလိုရီယန်ဝါ့ဇ်ဟာ နွေရာသီတွင် လေဗာကူဆင်မှ ပြောင်းလာပြီးနောက် လီဗာပူးကစားသမားဘဝ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းတွင် အထိုင်ကျကာ ဇန်နဝါရီလအတွင်း ၆ ပွဲတွင် ၄ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲစဉ်မတိုင်မီ သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိကာ လူစာရင်းမှ နုတ်ထွက်လိုက်ရပြီးနောက် အနားယူလာခဲ့ရပါတယ်။

ဆလော့က "ဒဏ်ရာအခြေအနေ ပြောဖို့ စောသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ပြောခဲ့သလိုပဲ ဒီနေ့ပွဲ မပါဝင်နိုင်ခဲ့ဘူး။ တခါတလေ ဒဏ်ရာက အပြုသဘောသလို အပြုသဘောမဆောင်တာလည်း ရှိတယ်။ ဒါပေမယ့် အင်္ဂါနေ့ကတော့ စောလွန်းတယ်။ အခြေအနေတော့ စောင့်ကြည့်ရမယ်။ ဒီကနေ့ ပွဲမှာ သူ ပါဝင်နိုင်မယ်လို့တောင် ထင်ထားခဲ့ပေမယ့် ကံဆိုးစွာဘဲ မဖြစ်လာပါဘူး"လို့ ပြောကြားသွားပါတယ်။

လီဗာပူးဟာ စနေနေ့တုန်းက ပွဲစဉ်တွင် ပထမ ၃ ဂိုးအား အလွတ်တည်ကန်ဘောမှ တဆင့် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးဟာ အစောပိုင်းတုန်းက အလွတ်တည်ကန်ဘောအား ခုခံကာကွယ်ရာမှာ ဆိုးရွားတဲ့အသင်း အဖြစ်ကနေ အလွတ်တည်ကန်ဘော စပါယ်ရှယ်လစ်အသင်းအဖြစ် ပြောင်းလဲလာခဲ့တာပါ။

image