ရည်မှန်းချက်အားလုံး အောင်မြင်သည်အထိ ဆက်တိုက်မည်--ထရမ့်ပ်
အီရန် စစ်ဆင်ရေး အက်ပစ်ဖျူရီ ကို ဝါရှင်တန်၏ ရည်မှန်းချက်အားလုံး အောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္ဂနွေနေ့တွင် သတိပေး ပြောကြားခဲ့သည်။
အီရန်စစ်ပွဲတွင် အမေရိကန်တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကြောင်းကိုလည်း ထရုဆိုရှယ်မီဒီယာတွင် တင်ခဲ့သော ဗီဒီယို၌ ထရမ့်ပ်က ပြောကြားခဲ့ကာ အထိအခိုက်ပိုရှိလာနိုင်ပြီး အမေရိကန်များေ-သဆုံးရမှုအတွက် လက်စားချေမည်ဟု ကတိပြုခဲ့သည်။
“တို-က်ခိုက်မှုတွေကို အခုအချိန်မှာ အင်ပြည့်အားပြည့်လုပ်ဆောင်သွားမှာဖြစ်ပြီး ငါတို့ရည်မှန်းချက်အားလုံး အောင်မြင်တဲ့အထိ ဆက်လုပ်သွားမှာပါ။ ငါတို့မှာ အရမ်းခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်” ဟု ဗီဒီယိုတွင် ထရမ့်ပ်က ပြောကြားထားသည်။
“အီရန်မှာရှိတဲ့ တော်လှန်ရေးအစောင့်တပ်ရဲ့ အဆောက်အအုံတွေ၊ အီရန်လေကြောင်းကာကွယ်ရေးစနစ်တွေ အပါအဝင် ပ-စ်မှာ ရာပေါင်းများစွာကို ငါတို့ တို-က်ခိုက်ခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့ကာ ဆက်လက်၍ “အခုပဲ သင်္ဘောကိုးစင်းနဲ့ သူတို့ရေတပ်အဆောက်အအုံတွေကို မိနစ်ပိုင်းအတွင်း ဖျ-က်ဆီးပစ်နိုင်ခဲ့တယ်ဆိုတာကို ကြေညာခဲ့ပါတယ်” ဟု ဆိုသည်။
အီရန်အနေဖြင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က သဘောတူညီချက်တစ်ခုကို ရယူနိုင်သောအခြေအနေရှိခဲ့သော်လည်း အီရန်ခေါင်းဆောင်ပိုင်းသည် ထိုအခြေအနေကို ရောက်အောင် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။
အီရန်အစိုးရကို စစ်ရေးအရအရေးယူခြင်းသည် လွတ်လပ်သောပြည်သူများ၏ တာဝန်နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်ကြောင်း ထရမ့်ပ်က အခိုင်အမာပြော ကြားခဲ့သည်။
“ဤလုပ်ရပ်များသည် မှန်ကန်ပြီး အမေရိကန်များသည် နျူကလီးယားလက်နက်များကိုင်ဆောင်ကာ၊ ခြိမ်းခြောက်မှုများစွာဖြင့် အစွန်းရောက်၊ သွေးဆာနေသော အကြမ်းဖက်အစိုးရတစ်ရပ်နှင့် ရင်မဆိုင်ရစေရန် လိုအပ်သည်” ဟု ၎င်းက ပြောကြားခဲ့ပြီး ခြိမ်းခြောက်မှုများကို ဆက်လက်ခွင့်ပြုတော့မည်မဟုတ်ဟုလည်း သူကဆက်လက်ပြောကြားခဲ့သည်။