အရှေ့အလယ်ပိုင်းလေပိုင်နက်တွေပိတ်လို့ခရီးစဉ်တွေ ကမောက်ကမဖြစ်

အရှေ့အလယ်ပိုင်းလေပိုင်နက် အတော်များများကို ရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် တနင်္ဂနွေနေ့တွင် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားရာပေါင်းများစွာ သောင်တင်ခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းခဲ့ရပြီး လေကြောင်းလိုင်းများသည် လေယာဉ်ခရီးစဉ်ထောင်ပေါင်းများစွာကို ဖျ-က်သိမ်း သို့မဟုတ် လမ်းကြောင်းပြောင်းရခြင်းများဖြစ်ခဲ့ကာ ကပ်ရောဂါဖြစ်စဉ်နောက်ပိုင်းတွင် လေကြောင်းစနစ်သည် အဆိုးဝါးဆုံး အကျပ်အတည်းသို့ ကျရောက်ခဲ့သည်။

အီရန်၊ အီရတ်၊ ဆီးရီးယား၊ အစ္စရေး၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့၏ ကောင်းကင်ယံများ ရုတ်တရက် ပိတ်သွားခြင်းကြောင့် ပင်လယ်ကွေ့၏ အရေးပါသော သယ်ယူပို့ဆောင်ရေးဗဟိုချက်သုံးခုဖြစ်သည့် ဒူဘိုင်း၊ အဘူဒါဘီနှင့် ဒိုဟာတို့တွင် ချက်ချင်းရပ်တန့်သွားခဲ့သည်။ လေကြောင်းအာဏာပိုင်များက အရေးပေါ်သတိပေးချက်များထုတ်ပြန်ပြီး လေဆိပ်များက လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်သဖြင့်လေယာဉ်အသွားအလာများ ဒေသတွင်းမြေပုံတွင် ကင်းစင်သွားကြောင်းကို လေကြောင်းခြေရာခံဝန်ဆောင်များက ပြသခဲ့သည်။

ပုံမှန်အချိန်များတွင် ၎င်းတို့၏ အဓိကလေဆိပ်များမှတဆင့် တစ်နေ့လျှင် ခရီးသည် ၉၀,၀၀၀ ခန့်ကို ပို့ဆောင်ပေးသည့် အမ်းမရိတ်စ်၊ ကာတာအဲရ်ဝေးစ်နှင့် အီတီဟတ်လေကြောင်းလိုင်းတို့သည် ၎င်းတို့၏ ဝန်ဆောင်မှုအများစုကို ဖျက်သိမ်း သို့မဟုတ် ရပ်ဆိုင်းပြီး လမ်းကြောင်းပြောင်းခြင်းဖြစ်စေ နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်စေ ညွှန်ကြားခဲ့သည်။ ဒူဘိုင်းနှင့် ဒိုဟာရှိ လေဆိပ်ထွက်ခွာဘုတ်များတွင် အနီရောင်ဖြင့်ခရီးစဉ်ပယ်ဖျ-က်ခြင်း သတိပေးချက်များပြည့်နှက်နေပြီး လေဆိပ်အများပြည်သူအသိပေးကြေညာစနစ်များတွင် ခရီးသည်များအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ လေကြောင်းလိုင်းမှ အထူးညွှန်ကြားချက်မျိုးမရှိပါက လေဆိပ်များသို့ မလာရောက်ရန် ထပ်ခါတလဲလဲ တိုက်တွန်းနေခဲ့သည်။

ကမ္ဘာ့လေယာဉ်အဝင်အထွက်အများဆုံး နိုင်ငံတကာဝင်ပေါက်များထဲမှ တစ်ခုဖြစ်သည့် ဒူဘိုင်းတွင် ဒုံးကျည်များနှင့် ဒရုန်းများကြောင့် ပျ-က်စီးမှုများဖြစ်ခဲ့ကာ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုရှုပ်ထွေးစေခဲ့ပြီး ခရီးသည်များနှင့် ဝန်ထမ်းများ ဒ-ဏ်ရာရရှိမှုရှိခဲ့ကြောင်း တာဝန်ရှိသူများက အစီရင်ခံခဲ့သည်။ အဘူဒါဘီ၏ အဓိကလေဆိပ်တွင်လည်း ဒရုန်းတို-က်ခိုက်မှုတစ်ခုကြောင့် ထိခိုက်ဒဏ်ရာရမှုအချို့ရှိခဲ့သောကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့ပြီး ဒေသတွင်း လေပိုင်နက်အများစုကို အရက်ဖက်လေကြောင်းလိုင်းများအတွက် ပိတ်ထားရန် ဆုံးဖြတ်ချက်အား ပိုမိုခိုင်မာစေခဲ့သည်။

Ref: သယ်ထရာဗဲလ်လာ

image