အီရန်စစ်ပွဲကြောင့် ရေနံဈေး ၁၀ ရာခိုင်နှုန်း မြင့်တက်

အမေရိကနှင့် အစ္စရေးတို့၏ အီရန်အပေါ် တို-က်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသသည် စစ်ပွဲအသစ်တစ်ခုသို့ ကျရောက်သွားခဲ့ပြီးနောက် တနင်္ဂနွေနေ့တွင် ဘရန့်ရေနံစိမ်းဈေးနှုန်းသည် ၁၀ ရာခိုင်နှုန်းတက်သွားကာ တစ်စည်လျှင် ဒေါ်လာ ၈၀ ခန့်အထိရောက်ရှိသွားကြောင်း ရေနံကုန်သည်များက ပြောကြားခဲ့သည်။ ရေနံဈေးနှုန်းများသည် ဒေါ်လာ ၁၀၀ အထိမြင့်တက်လာနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းခဲ့သည်။

စစ်ရေးတို-က်ခိုက်မှုများသည် ရေနံဈေးနှုန်းများအပေါ် သက်ရောက်မှုဖြစ်စေခဲ့သော်လည်း အဓိကအချက်မှာ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်း ကြောင့်ဖြစ်ကြောင်း အိုင်စီအိုင်အက်စ်၏ စွမ်းအင်နှင့် ရေနံချက်လုပ်မှု ဒါရို-က်တာ အဂျေးပါးမားက ပြောကြားခဲ့သည်။

ရေလမ်းကြောင်းကို အသုံးမပြုရန် တေရန်က သတိပေးခဲ့ပြီးနောက် ရေနံတင်သင်္ဘောပိုင်ရှင်အများစု၊ ရေနံကုမ္ပဏီကြီးများနှင့် ကုန်သွယ်ရေးလုပ်ငန်းအများစုသည် ဟော်မုဇ်ရေလက်ကြားမှတဆင့် ရေနံစိမ်း၊ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုများကို ရပ်ဆိုင်းထားလိုက်ကြောင်း ကုန်သွယ်ရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ရေနံကုန်စည်များ၏ ၂၀ ရာခိုင်နှုန်းကျော်ကို ဟော်မုဇ်ရေလက်ကြားမှတဆင့် သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။

“ဈေးနှုန်းတွေက (သီတင်းပတ်အကုန်) မှာ တစ်စည်ကို ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်လာနိုင်ပြီး ရေလက်ကြားကို ကြာရှည်ဖြတ်တောက်ထားမယ်ဆိုရင် အဲဒီ ဈေး ကို ကျော်သွားနိုင်တယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” ဟု ပါးမားက ပြောကြားခဲ့သည်။

အီရန်ကို စစ်ခင်းပါက ရေနံဈေးနှုန်းများသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်နိုင်ကြောင်း အရှေ့အလယ်ပိုင်းခေါင်းဆောင်များက ဝါရှင်တန်ကို သတိပေးခဲ့သည်ဟု အာရ်ဘီစီ လေ့လာသုံးသပ်သူ ဟဲလ်လီမာ ကရော့ဖ်တ်က ပြောကြားခဲ့သည်။ ဘာကလေမှ လေ့လာသုံးသပ်သူများကလည်း ဈေးနှုန်းများသည် ဒေါ်လာ ၁၀၀ အထိရောက်ရှိသွားနိုင်ကြာင်း ပြောကြားခဲ့သည်။

အိုပက်ပလပ်စ် ရေနံထုတ်လုပ်သူများအဖွဲ့သည် ဧပြီလမှစ၍ တစ်နေ့လျှင် စည် ၂၀၆,၀၀၀ အထိတိုး ၍ ထုတ်ရန် တနင်္ဂနွေနေ့တွင် သဘောတူညီခဲ့ကြပြီး ယင်းပမာဏသည် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား၏ ၀ ဒဿမ ၂ ရာခိုင်နှုန်းအောက်သာရှိသည်။

Ref: ဘန်ကောက်ပို့စ်

image