ဘာနေဗျူးတကျော့ပြန် ပွဲစဉ်ကို ပဟေဠိဆန်တဲ့ နေရာမှ ကြည့်ရှုသွားခဲ့တဲ့ မော်ရင်ဟို
===================
ဟိုဆေးမော်ရင်ဟိုဟာ ၄၆၅၂ ရက်အကြာတွင် အသင်းဟောင်းရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းသို့ တကျော့ပြန်ရောက်လာခဲ့ပါတယ်။

ဘင်ဖီကာနည်းပြဟာ ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်တုန်းက အနီကတ်ပြသခြင်းခံခဲ့ရလို့ ဒုတိယအကျော့ ဘာနေဗျူးကွင်းပွဲစဉ်တွင် ပွဲပယ်ခံထားရကာ ကိုယ်တိုင် ကြီးကြပ်နိုင်ခဲ့ခြင်း မရှိပါဘူး။

ပထမအကျော့ပွဲစဉ်တွင် ဗီနီရှပ်စ်အား ဂီယန်လူကာပရီစတီယန်နီက လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့မှုနှင့်အတူ မော်ရင်ဟိုနှင့် ရီးရဲလ်မက်ဒရစ်အကြား ဆက်ဆံရေးက ဆက်ဆံရေးကလည်း အဆုံးသတ်သွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ဘာနေဗျူးတွင် ရီးရဲလ်မက်ဒရစ်အား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်ကို ပွဲကြည့်စင်မှ ကြည့်ရှုခြင်း မပြုဘဲ သတင်းထောက်များ မျက်ကွယ်နေရာမှာ ကြည့်ရှုသွားခဲ့ပါတယ်။

စပိန်သတင်းစာ Marca ရဲ့ ဖော်ပြလာမှုအရ မော်ရင်ဟိုဟာ ယင်းတစ်ပွဲလုံးအား အသင်းရဲ့ ဘတ်စ်ကားမှ ကြည့်ရှုသွားခဲ့ကြောင်း သိရပါတယ်။

ယင်းပွဲစဉ်တွင် ဂျာနယ်လစ်ပေါင်း ၃၀ ကျော်တို့ဟာ မော်ရင်ဟို ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့ကြပေမယ့်လည်း စိတ်ပျက်စရာ ကြုံခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဘာနေဗျူးကွင်းပွဲစဉ်တွင် လူလုံး ထွက်ပြခြင်း မပြုလုပ်ဘဲ အသင်းရဲ့ ဘတ်စ်ကားမှ တဆင့် တစ်ပွဲလုံးအား ကြည့်ရှုအား ကွင်းအတွင်းရှိ လက်ထောက်နည်းပြအား ညွှန်ကြားချက်များ ပေးခဲ့ပါတယ်။

image