7 hrs - Translate

ဂူအပေါက်ဝမှာ စွန်းဝူခုန်းလို ဝတ်ဆင်ပြီး ခရီးသွား ဧည့်သည်တွေ ကျွေးတဲ့ ငှက်ပျောသီးကို တစ်နေ့
အဖီး၃၀ အလုံးရေ၃၆၀ နီးပါး စားပေးရတဲ့ စွန်းဝူခုန်း"
ဒီအလုပ်ဟာ တောင်အောက်မှာ ပိတ်မိနေတဲ့ စွန်းဝူခုန်းလို
ပုံစံမျိုး ဂူအပေါက်ဝမှာ နေပေးရုံဖြင့် လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ ကျွေးမွေးသမျှ ငှက်ပျောသီးတွေကို တစ်နေ့ အဖီး၃၀ အလုံးရေ၃၆၀ လောက် စားပေးရတာဖြစ်ပါတယ်
ကြည့်လိုက်ရင် သက်တောင့်သက်သာနဲ့ အစားစားရင်း ပိုက်ဆံရတဲ့ အလုပ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုရအောင် မျောက်မင်းရဲ့ အမူအရာတွေအတိုင်း သရုပ်ဆောင်ပေးရတာက မလွယ်ကူလှပါဘူး.....
အစပိုင်းတော့ ဝါသနာလည်းပါသလို အစားအတွက်လည်း ပူစရာမလိုဘဲ ဝင်ငွေကောင်းတဲ့ ဒီအလုပ်ကို ရွေးချယ်ခဲ့ပါတယ်။
နောက်ပိုင်းတော့ မျောက်မင်းက ငှက်ပျောသီးကျွေးတာ
မစားဘူး။ခရီးသွား ဧည့်သည်တွေတိုင်တာ များလာတော့ အလုပ်ရှင်က စွန်းဝူခုန်းကို ခေါ်ပြီး ပြောပါတယ်။နောက်ဆုံး စွန်းဝူခုန်းလဲ ငါမှ မျောက်အစစ်မဟုပ်တာ
သူတို့ကျွေးတာအကုန် ဘယ်လိုစားနိုင်မလဲ ခံပြောရင်း
အလုပ်ပြုတ်သွားခဲ့ပါတယ်။
မိတ်ဆွေတို့ကော ဒီလို ဧည့်သည်တွေကျွေးတာစားရင်း ဝင်ငွေကောင်းတဲ့ အလုပ်ကို လုပ်မလား၊
ဒါမှမဟုတ် စွန့်ဝူခုန်းလို့ အလုပ်ရှင်ကို ပြန်ပြောပြီး အလုပ်ထွက်မလား ပြောပြပေးသွားပါဦး...

image