အမေရိကန်ပဲပုပ်ဖတ်ဝယ်ယူရန် အမေရိကန်သံရုံး၌ သဘောတူလက်မှတ်ထိုး
မြန်မာနိုင်ငံမှ အမေရိကန်ပဲပုပ်ဖတ်ဝယ်ယူရန် သဘော တူလက်မှတ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ၌ရေးထိုးခဲ့ကြကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ သဘောတူလက်မှတ်ထိုးပြီးနောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများသည် စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုပြီး ထုတ်လုပ်သူများနှင့် ဝယ်ယူသူများအတွက် အခွင့်အလမ်းသစ်များဖန်တီးပေးမည့် ကုန်သွယ်ရေးအစီအစဉ်များကိုကြိုဆိုသည်ဟု သံရုံးကထုတ်ပြန်ရေးသားထားသည်။