ရန်ကုန်တိုင်းဒေသကြီးတွင် ဒေါ်လာ ၃ ဒသမ ၀၂၅ သန်းတန်ဖိုးရှိ အထည်ချုပ်ဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု ခွင့်ပြု
ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂၅ သန်း မတည်ရင်းနှီးမြှုပ်နှံထားသည့် အထည်ချုပ်ကဏ္ဍဆိုင်ရာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပပြုလုပ်ခဲ့သော တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ခွင့်ပြုထားသည့် လုပ်ငန်းများမှာ စက်မှုကဏ္ဍအတွင်း အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုသည့် Polyester အမျိုးမျိုး၊ Synthetic Fabrics နှင့် Lining Materials များ ထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်အတွင်း ၁၀၀ ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်း၏ မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂၅ သန်း ဖြစ်ပြီး ဒေသတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
ထို့အပြင် အဆိုပါအစည်းအဝေးတွင် မတည်ရင်းနှီးငွေ တိုးမြှင့်မည့် လုပ်ငန်း ၂ ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၁၃ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။