1 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်တွင် Super Sub အဖြစ် ကစားနေရမှုအပေါ် ဆက်စ်ကို တုံ့ပြန်လာ
====================
ဘင်ဂျာမင်ဆက်စ်ကိုဟာ အဲဗာတန်အား အနိုင်ရတဲ့ပွဲတွင် ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား လူစားဝင်ရောက်လာကာ သွင်းယူပြီးနောက် မိုက်ကယ်ကာရစ်လက်အောက်တွင် Super Sub အဖြစ် ကစားနေရမှုနှင့်ပတ်သက်ပြီး သူ့ခံစားချက်အား ဖွင့်ဟ ပြောကြားလာပါတယ်။

ဆက်စ်ကိုဟာ Hill Dickinson တွင် လူစားဝင်ရောက်လာပြီးနောက် ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယင်းနိုင်ပွဲကြောင့် အဆင့် ၅ နေရာမှ ချဲလ်ဆီးကို ၃ မှတ်ဖြတ်ကာ အဆင့် ၄ နေရာတွင် ရပ်တည်လာပါတယ်။

ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယာယီနည်းပြဒါရင်းဖလက်ချာလက်အောက်တွင် ၂ ပွဲကစားခဲ့ရာမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ယာယီနည်းပြသစ်မိုက်ကယ်ကာရစ်လက်အောက်တွင် တစ်ပွဲမျှ ပွဲထွက်ကစားခွင့် မရပေမယ့်လည်း အရန်အဖြစ် ၅ ပွဲဝင်ရောက်ကစားရာတွင် ၃ ဂိုးသွင်းယူကာ သူ့အရည်အချင်းအား ပြသထားနိုင်ပါတယ်။

ပေါင် ၇၄ သန်းတန်တိုက်စစ်မှူးဟာ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ အဲဗာတန်တို့နှင့်ပွဲများတွင် ဂိုးသွင်းကာ ဂိုးများသွင်းယူပြီး ယူနိုက်တက်အတွက် ရမှတ်များ ရယူပေးကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အခြေအနေကောင်းအောင် ကူညီထားပါတယ်။

အဲဗာတန်နိုင်ပွဲအပြီးတွင် ဆက်စ်ကိုက "ကျွန်တော့်အတွက် ဘယ်လိုပဲ ကစားရပါစေ အသင်းကို ကူညီနိုင်ဖို့က အရေးအကြီးဆုံးပါ။ ၅ မိနစ်ပဲ ကစားရ ကစားရ မိနစ် ၉၀ ပဲ ကစားရ ကစားရ ပြဿနာ မရှိပါဘူး။ အရေးကြီးတာက ကိုယ်လုပ်နိုင်တာကို လုပ်ပြနိုင်ဖို့ကပဲ အရေးကြီးပါတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို ယုံကြည်သလို အခြားသူတွေကိုလည်း ယုံကြည်တယ်။ ကွင်းထဲသို့ ကျွန်တော် ဝင်လာတဲ့အချိန် သူတို့ ဘာလုပ်ရမလဲ သူတို့ သိပါတယ်။ သူတို့ လုပ်ပေးသမျှကို အဆုံးသတ်ဖို့က ကျွန်တော့်ကိစ္စပါ။။ ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးတယ်။ အရမ်း ခက်ခဲတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်။ ၅၀/၅၀ တိုက်ပွဲပါ။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ အနိုင်ရယူနိုင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

image