မေးရိုးကျိုးသွားတဲ့အပြင် သွားများကျိုးသွားတဲ့ ဒဏ်ရာအား ပရိသတ်များကို ရူဘင်လိုတပ်ဖ်ချက်ခ် ပြသလာ
==================
ရူဘင်လိုတပ်ဖ်ချက်ခ်ဟာ မေးရိုးကျိုးသွားတဲ့အပြင် သွားချောင်းအချို့ ကျိုးသွားတဲ့ ဆိုးရွားလှတဲ့ ဒဏ်ရာအား ပရိသတ်များကို ပြသလာပါတယ်။

အသက် ၃၀ နှစ်ရှိ ချဲလ်ဆီးအလယ်တန်းကစားသမားဟောင်းဟာ တနင်္ဂနွေနေ့တုန်းက ပါးမားနှင့် ပွဲစဉ်တွင် ဂိုးသမားနှင့် မတော်တဆခေါင်းချင်းဆောင့်မိရာမှ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

အေစီမီလန်အလယ်တန်းကစားသမားက "ဆိုးဆိုးရွားရွား ထိသွားတာ။ ဒါပေမယ့် ဆိုးရွားတာကို အတိတ်မှာ ထားခဲ့လိုက်ပါပြီ။ ပြီးခဲ့တဲ့ နာရီတွေမှာ ကျွန်တော့်ကို သေသေချာချာလေး ပရော်ဖက်ရှင်နယ်ဆန်ဆန်ဂရုစိုက်ပေးခဲ့ကြတဲ့ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ချစ်ခြင်းတွေနဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ရေတွက်မရအောင်များပြားတဲ့ မက်ဆေ့ချ်အတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ကို ဖတ်ပါတယ်။ ဒါတွေက ခွန်အားဖြစ်စေပါတယ်။ ကစားဖော်တွေကိုလည်း ကျေးဇူးတင်တယ်။ အသင်းကိုရော မိသားစုကိုပါ ကျေးဇူးတင်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ရူဘင်လိုတပ်ဖ်ချက်ခ်ဟာ သွားများကို ထိန်းထားတဲ့ မေးရိုးအတွင်းအရိုးအက်သွားခဲ့တာ ဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရပါမယ်။

သူဟာ ဂိုးသမားနှင့် ထိခိုက်မိပြီးနောက် ကွင်းအတွင်း လဲကျသွားကာ ချက်ချင်းပင် ဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ခဲ့ရပါတယ်။

သူဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၂ လခန့်အနားယူလာရဖို့ ရှိနေပြီး ဥရုဂွေး၊ ဂျပန်တို့နှင့်ခြေစမ်းပွဲအတွက် အင်္ဂလန်ရဲ့ စခန်းသွင်းလေ့ကျင့်မှုကို လွဲချော်လာဖို့ သေချာနေပါတယ်။

လက်ရှိအနေအထားအရ ရူဘင်လိုတပ်ဖ်ချက်ခ်အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ရေး အစွမ်းကုန် တိုက်ပွဲဝင်ရမယ့် အခြေအနေမှာ ရှိနေပြီ ဖြစ်ပါတယ်။

image