လူတွေရဲ့ နှုတ်ခမ်း (Lips) နဲ့ ခန္ဓာကိုယ်ရဲ့ နောက်ဘက်အပေါက် စအို (Anus) တို့ဟာ တစ်ခုနဲ့တစ်ခု အဝေးကြီးမှာ ရှိနေတယ်လို့ ထင်ရပေမဲ့ ဇီဝဗေဒအရတော့ သူတို့နှစ်ခုဟာ အင်မတန် တူညီတဲ့ တစ်ရှူးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ် သဘာဝတရားက လူတွေရဲ့ အစာခြေစနစ်ကို တည်ဆောက်တဲ့အခါမှာ Unified Tube တစ်ခုအနေနဲ့ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး နှုတ်ခမ်းနဲ့ ခန္ဓာကိုယ်ရဲ့ အစာဟောင်းတွေရှိတဲ့အဆုံးသတ်နေရာ နှစ်ခုလုံးကို Mucous Membrane (ချွဲမြှေးလွှာ) လို့ခေါ်တဲ့ တစ်ရှူးအမျိုးအစားနဲ့ ဖုံးအုပ်ထားတာတာဖြစ်ပါတယ် တစ်နည်းပြောရရင် သူတို့နှစ်ခုဟာ အစာခြေစနစ်ဆိုတဲ့ ပိုက်လိုင်းကြီးတစ်ခုရဲ့ ထိပ်နှစ်ဖက်မှာရှိတဲ့ ညီအစ်ကိုတွေဖြစ်ကြပါတယ်
ဒီတစ်ရှူးတွေဟာ အင်မတန် နုနယ်ပြီး အာရုံခံစားမှု ကောင်းမွန်ကြပါတယ် နှစ်ခုလုံးဟာ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းအား ကောင်းမွန်ကြပြီး အစာခြေစနစ်ရဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ဖို့ အကောင်းဆုံး ဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ် ဇီဝဗေဒအရ ကြည့်မယ်ဆိုရင် လူတွေရဲ့ ခန္ဓာကိုယ်ဟာ အလယ်မှာ အပေါက်ပါတဲ့ ဒိုးနတ်မုန့်တစ်ခုလိုပါပဲ နှုတ်ခမ်းကတော့ အစာတွေ၊ အာဟာရတွေ ဝင်တဲ့ ဝင်ပေါက်ဖြစ်ပြီး ကျန်တဲ့တစ်ဖက်ကတော့ စွန့်ပစ်ပစ္စည်းတွေ ထွက်တဲ့ ထွက်ပေါက်ဖြစ်ပါတယ် ဒါကြောင့် သဘာဝတရားက အစာခြေစနစ်ရဲ့ အစွန်းနှစ်ဖက်လုံးမှာ တူညီတဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အလုပ်
ပြီးမြောက်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်
ဒါကြောင့် တစ်စုံတစ်ယောက်က အပြုံးလေးက လှလိုက်တာလို့ ပြောလိုက်ရင် အဲ့အပြုံးလေးဟာ အစာခြေစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ နောက်ဘက်အပေါက် နဲ့ ဆက်နွယ်နေတာကို သိရမှာဖြစ်ပါတယ် ဒါဟာ ခန္ဓာကိုယ်က အစိတ်အပိုင်းတစ်ခုချင်းစီဟာ ဘယ်လောက်အထိ အစီအစဉ်တကျနဲ့ ချိတ်ဆက်ထားသလဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts