နွေစပါးနှင့် သီးနှံ စိုက်ပျိုးမည့် ဧက (၇) သောင်းကျော်အတွက် ရေပြည့်ဝစွာပေးဝေလျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးမည့် နွေစပါးနှင့် နွေသီးနှံစိုက်ဧက (၇၃,၈၀၃) အတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်ဝစွာ သိုလှောင်ထားပြီး ပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆည်တော်ကြီးရေလှောင်တမံမှ မြို့နယ်လေးမြို့နယ်ရှိ နွေစပါးနှင့် နွေသီးနှံလျာထား စိုက်ဧက ၇၃၈၀၃ ဧက ကို ဖေဖေါ်ဝါရီလ တတိယအပတ်မှစတင်ပြီး စိုက်ပျိုးရေများပေးဝေနေခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးမည့်တောင်သူဦးကြီးများအနေဖြင့် စိုက်ပျိုးရေအတွက် စိုးရိမ်ကြောင့်ကြမှုမရှိစေရေးအတွက် ဆည်တော်ကြီး ရေလှောင်တမံမှ ရေပေးဝေမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ် အမရပူရမြို့နယ်တို့ရှိ တူးမြောင်းများတွင် အသိပေးကြေညာထားကြောင်းလည်း သိရသည်။

ဆည်တော်ကြီး ရေလှောင်တမံ၏ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ ရေမှတ်မှာ RL- ၄၁၈ ဒဿမ ၃ ပေ နှင့် ရေလှောင်ပမာဏမှာ ဧကပေ ၃၅၃၈၂၀၊ အသုံးပြုနိုင်သည့် ရေပမဏမှ ဧကပေ ၃၂၆,၇၂၀ ရှိကြောင်း သိရသည်။

image