4 d - Translate

တကယ်ပဲ စိတ်လေပြီး
ဘာမှလုပ်ချင်စိတ်မရှိတော့တဲ့
နေ့ရက်တွေ...

လုပ်အုံးဟ
ဆက်ကြိုးစားအုံးဟ
ရှေ့ဆက်တော့ သွားအုံးဟ

ဘာတစ်ခုမှ ကြိုးစားလုပ်နေတာမျိုး
မရှိတာ မဖြစ်စေနဲ့

လွတ်ခဲ့တဲ့ အခွင့်အရေးတွေ
မရခဲ့လည်း
ရှိတာလေးနဲ့ စတင်ရအုံးမယ်

လုပ်ခွင့်ရတာလေးနဲ့
ကြိုးစားနေရအုံးမယ်

လွယ်တော့မလွယ်ဘူးပေါ့ ငါရေ

ဒါပေမဲ့ တစ်ခုခုကိုတော့
တစ်စိုက်မတ်မတ် လုပ်ကြည့်နေသင့်တယ်မလား...

သေချာတယ်

ငါဟာ စိတ်လေသွားလို့မဖြစ်ဘူး
ပျင်းရိနေလို့ မဖြစ်ဘူး

ငါလုပ်ကြည့်ချင်တယ်လို့
စခဲ့တဲ့လမ်းကို
ငါဆက်သွားမှာကို ဖြစ်မယ်

နည်းနည်းလေးရတဲ့ အောင်မြင်မှုဆိုလည်း
ကောင်းတဲ့ ရလဒ်တစ်ခုဆိုလည်း
ဒါဟာ အားဆေးပါပဲ

ပုံမှန်တိုင်း ဆက်သွားရမှာပေါ့
ငါရဲ့...

ချစ်သောငါရေ
အားတင်းထားဟ
ဆက်ကြိုးစားအုံးဟ

သေးငယ်တဲ့နေရာဆိုတောင်
လွယ်လွယ်ရခဲ့တာမှ မဟုတ်တာလေ
ရှေ့ဆက်သွားကို သွားရမယ်...။

#လင်းနန်
February 2