မကောင်းသောကံအညံ့များအား ဆားဖြင့်ဆေးကြောပါ
ကိုယ့်ကိုကိုယ် စိတ်တွေထိုင်းမိုင်းလေးလံနေတယ်၊မောပန်းနွမ်းနယ်နေတယ်၊အဆင်မပြေမှုတွေခဏခဏကြုံနေရတယ်၊ကံတွေနိမ့်နေတယ်လို့ ခံစားလာရရင် ကိုယ့်မှာမကောင်းတဲ့ကံတွေ၊မကောင်းတဲ့စွမ်းအင်တွေ ကပ်ငြိနေလို့ပါပဲ။
ဒီလိုမျိုးတွေကြုံလာရတဲ့အခါ ဆားဖြင့်ဆေးကြောပေးပါ။
ဆားဟာ သန့်စင်ခြင်း၊ကာကွယ်ခြင်း၊ကံကောင်းခြင်းများကိုပေးစွမ်းစေပြီး ကိုယ့်မှာကပ်ငြိနေတဲ့ မကောင်းတဲ့ကံတွေ၊မကောင်းတဲ့စွမ်းအင်တွေနဲ့မကောင်းတဲ့အတွေးအခေါ်အဆိုးမြင်စိတ်တွေကို ပပျောက်စေရန်ကူညီပေးပါတယ်။ဒါ့အပြင် ကောင်းမွန်တဲ့စွမ်းအင်အသစ်တွေ၊ကောင်းမွန်တဲ့ကံတွေကို ပြန်လည်ယူဆောင်လာပေးစေပါတယ်။
ရေချိုးတဲ့အခါ ဇလုံ(သို့မဟုတ်)ပုံးတစ်ခုထဲကိုရေဖြည့်ကာ ဆားထမင်းစားဇွန်းတစ်ဇွန်းစာကိုထည့်၍ ရေမှာပျော်ဝင်သွားအောင်ဖျော်ပါ။
ထိုဆားထည့်ဖျော်ထားသောရေဖြင့် ခေါင်းမှစ၍လောင်းချိုးကာ ငါ့ဆီမှာရှိနေတဲ့ မကောင်းတဲ့ကံတွေ၊မကောင်းတဲ့စွမ်းအင်တွေ ဤဆားရည်နဲ့အတူပါသွားပါစေလို့စိတ်ထဲကနေပြောပေးပါ။
ဆားထည့်ဖျော်ထားသောရေများကုန်သွားပါက ပုံမှန်ချိုးနေကျအတိုင်း ရေချိုးခေါင်းလျှော်ခြင်းအားဆက်လုပ်ပါ။
ဒီချိုးနည်းအတိုင်း အနည်းဆုံး(၃)ရက်ဖြစ်စေ(၇)ရက်ဖြစ်စေပြုလုပ်ပေးပါက စိတ်ကြည်လင်လန်းဆန်းပြီး ကြုံနေရတဲ့အခက်အခဲတွေပြေလည်ကာ ကောင်းမွန်သောကံ၊ကောင်းမွန်သောစွမ်းအင်များနဲ့အတူ အခွင့်အလမ်းကောင်းတွေကို ရရှိစေပါလိမ့်မယ်