ဗီနီရှပ်စ်ဂျူနီယာကြုံရပြီး ရက်အနည်းငယ်အကြာတွင် လူမျိုးရေးခွဲခြားဆက်ဆံခံလာရတဲ့ ဖိုဖာနာနှင့် မီဘရီ

ဖေဖော်ဝါရီ ၂၂

ဝက်စ်လေဖိုဖာနာနှင့် ဟန်နီဘယ်မီဘရီတို့ဟာ ချဲလ်ဆီးနှင့် ဘန်လေတို့ တစ်ဂိုးစီသရေကျပြီးနောက် အွန်လိုင်းတွင် လူမျိုးရေးခွဲခြားဆက်ဆံခြင်းခံလာရပါတယ်။

အသက် ၂၅ နှစ်ရှိ ချဲလ်ဆီးနောက်ခံလူဖိုဖာနာဟာ စနေနေ့ညပွဲစဉ်တွင် ဂျိမ်းစ်ဝတ်ပရောက်စ်ကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်းခံရပြီးနောက် ဆိုရှယ်မီဒီယာတွင် မျောက်ပုံ Emoji များ ပေးပို့ခံလာရတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင် ချဲလ်ဆီးဟာ တစ်ယောက်အလျှော့ဖြင့် ကစားရပြီးနောက် ပရောက်စ်ရဲ့ အလွတ်တည်ကန်ဘောမှ တဆင့် ဖလမ်းမင်းရဲ့ ခေါင်းတိုက်ဂိုးကြောင့် ချေပဂိုးပေးခဲ့ရပါတယ်။

ချဲလ်ဆီးပရိသတ်များဟာ ဘန်လေနှင့်သရေကျပြီးနောက် အနီကတ်ပြထုတ်ပယ်ခြင်းခံရတဲ့ ဖိုဖာနာအား ပစ်မှတ်ထားလာကြတာလည်း ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “piece of s***” လို့ ရေးသားသွားသလို “You made us draw with Burnley.” လည်း ဆိုသွားပါတယ်။

ဖိုဖာနာက "၂၀၂၆ ရောက်နေပြီ။ ဘာမှ မပြောင်းလဲဘူး။ အရင်အတိုင်းပဲ။ ဒီလူတွေဟာ ဘယ်တုန်းကမှ အရေးယူမခံရဘူး။ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တိုက်ဖျက်ရေးအစီအစဉ်ကြီးတွေ လုပ်ခဲ့ကြတယ်။ ဘာမှ မထူးခြားလာဘူး"လို့ ဆိုသွားပါတယ်။

ချဲလ်ဆီးကလည်း ဖိုဖာနာအား လူမျိုးရေးခွဲခြားမှတဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကြေညာသွားသလို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရေးယူနိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

တဖက်တွင် ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းမီဘရီမှာလည်း အင်စတာဂရမ်တွင် လူမျိုးရေးခွဲခြားမှုခံခဲ့ရပါတယ်။

ဘန်လေစတားက "ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုရေ သားသမီးတွေကိုပါ ပညာပေးပါ"လို့ ရေးသားသွားပါတယ်။

ဖိုဖာနာနှင့် မီဘရီတို့ဟာ ကြားရက်တုန်းက ချန်ပီယံလိဂ်ပလေးအော့ဖ်ပွဲစဉ်တွင် ဗီနီရှပ်စ်ဂျူနီယာ လူမျိုးရေးခွဲခြားမှုခံရပြီးနောက် ရက်အနည်းငယ်အကြာတွင် အထက်ပါအဖြစ်အပျက် ကြုံတွေ့လာတာလည်း ဖြစ်ပါတယ်။

image