ထိုင်းရဲများက တရုတ်နှစ်သစ်ကူး ခြင်္သေ့အကသမားများအဖြစ် အယောင်ဆောင်၍ သံသယရှိသူ သူခိုးကို ဖမ်းဆီး

ဖေဖော်ဝါရီ ၂၁
Translated by Htwe Ko Tun

ထိုင်းရဲတပ်ဖွဲ့သည် ယခုအပတ် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ခြင်္သေ့အကဝတ်စုံကို ဝတ်ဆင်ပြီး အမေရိကန်ဒေါ်လာ ၆၄,၀၀၀ တန်ဖိုးရှိ ဗုဒ္ဓဘာသာ ရှေးဟောင်းပစ္စည်းများကို ခိုးယူတယ်လို့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့ဆင်ခြေဖုံးရပ်ကွက်မှာ အိမ်ဖောက်ထွင်းမှုတစ်ခုအကြောင်း ယခုလအစောပိုင်းကသတင်းရရှိပြီးတဲ့‌နောက် အနီနှင့်အဝါရောင် ပါဝင်တဲ့ ခြင်္သေ့ဝတ်စုံဝတ်ဆင်ထားတဲ့ ရဲအရာရှိတွေဟာ သံသယ ရှိသူကို ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းမှာ ဖမ်းဆီးမိခဲ့ကြတာပါ။

မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုမှာ ဖောက်ထွင်းမှုမှာ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ အရာဝတ္ထု များစွာနဲ့ ဉာဏ်တော် ၁၂ လက်မရှိ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ပါဝင်တယ်လို့ သတင်းဖော်ပြထားပြီး အိမ်ထဲသို့ အကြိမ်ကြိမ်ဝင်ရောက်ရန် ကြိုးပမ်းမှုအထောက်အထားတွေ ပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

သဲလွန်စအနည်းငယ်နဲ့အတူ ရဲတွေဟာ အနီးအနားရှိ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုတွင် ခြင်္သေ့အက လှည့်လည်ပွဲတွင် ပါဝင်ရန် ထူးခြားသော အစီအစဉ်တစ်ခုကို မစတင်မီ ရက်သတ္တပတ်များစွာ ခိုးယူ ဖောက်ထွင်းမှုကို စောင့်ကြည့်နေခဲ့ကြတာပါ။

ခြင်္သေ့အကဝတ်စုံကို ဝတ်ထားတဲ့ ရဲအရာရှိတွေဟာ သံသယရှိသူကို ဖမ်းဆီးခြင်းမပြုမီ တဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ နှစ်သစ်ကူးပွဲတော်ခြင်္သေ့အကသမားတွေဟာ သံသယရှိသူထံ ချဉ်းကပ်လာပုံကို ပြသထားပြီး ရဲအရာရှိတစ်ဦးဟာ ဝတ်စုံရဲ့ ခြင်္သေ့ဦးခေါင်းမှ ရုတ်တရက်ထွက်လာပြီး လုပ်ဖော်ကိုင်ဘက်တွေရဲ့ အကူအညီနဲ့ သံသယရှိသူကို မြေပြင်ပေါ်မှာ ဖိထားခဲ့တာပါ။

ခိုးယူခံရသောပစ္စည်းတွေရဲ့တန်ဖိုးက ဘတ်နှစ်သန်းခန့် (အမေရိကန်ဒေါ်လာ ၆၄,၀၀၀) ခန့်ရှိမယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။

Ref-AFP

imageimage