❝CDF နှင့် PDF အကြမ်းဖက်အုပ်စုက ချင်းအမျိုးသားနေ့ကျင်းပသည့်နေရာကို FPV suicide drone များဖြင့် တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များက လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့❞

ဖေဖော်ဝါရီ ၂၁

ချင်းတိုင်းရင်းသားတို့၏ အထိမ်းအမှတ်အခမ်းအနားတစ်ခုဖြစ်သော ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနေသည့်နေရာကို CDF (ဟားခါး)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက FPV suicide drone များဖြင့် တိုက်ခိုက်ရန်ကြိုးစားခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့များက လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးနေရာ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာသို့ FPV suicide drone များဖြင့် ပစ်ချတိုက်ခိုက်ရန် အကြမ်းဖက်အုပ်စုများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊

ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များကို လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သဖြင့် အခမ်းအနားကျင်းပနေသည့်နေရာသို့ ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျပျက်စီးခဲ့သည်ဟုဆိုသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင်ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် လူနှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။

imageimage