ဝတ်စုံဒီဇိုင်းအပြောင်းအလဲ ပြုလုပ်လာမှုကြောင့် နယူးကာဆယ်ပရိသတ်များ အကြီးအကျယ်ပေါက်ကွဲ

ဖေဖော်ဝါရီ ၂၀

နယူးကာဆယ်ဟာ လာမယ့် ရာသီ အိမ်ကွင်းဝတ်စုံတွင် အဖြူရောင်နှင့် အနက်ရောင်အစင်းလိုင်းကို အပြောင်းအလဲ ပြုလုပ်အသုံးပြုရန် စီစဉ်နေပါတယ်။

ပေါက်ကြားလာတဲ့ ၂၀၂၂၆-၂၇ ရာသီ နယူးကာဆယ်အိမ်ကွင်းဝတ်စုံတွင် အဖြူရောင်နှင့် အနက်ရောင်အစင်းလိုင်း ပါဝင်နေဆဲ ဖြစ်ပေမယ့် ကွဲပြားတဲ့ ဒီဇိုင်းအသုံးပြုလာပါမယ်။

ယခုရာသီ အိမ်ကွင်းဝတ်စုံတွင် အနက်ရောင်နှင့် အဖြူရောင် ဒေါင်လိုက်အစင်းကြီးများကို အသုံးပြုထားပေမယ့်လည်း လာမယ့်ရာသီဝတ်စုံမှာတော့ အစင်းလိုင်းငယ်များကိုလည်း အသုံးပြုလာမှာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ၁၉၉၀ ခုနှစ်တုန်းကလည်း ယင်းသို့ အိမ်ကွင်းဝတ်စုံဒီဇိုင်း အပြောင်းအလဲ ပြုလုပ် အသုံးပြုရန် ကြိုးပမ်းခဲ့ဖူးပြီး ပြိုင်ဘက်ပရိသတ်များက “The Barcodes” ဆိုပြီး လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပါတယ်။

ယခုလည်း နယူးကာဆယ်ပရိသတ်များဟာ ယင်းသို့ ဝတ်စုံအား အပြောင်းအလဲ ပြုလုပ်လာမှုနှင့်အတူ ပြိုင်ဘက်ပရိသတ်များရဲ့ လှောင်ပြောင်ခြင်းခံလာရမှာ စိုးရိမ်နေကြပါတယ်။

ပရိသတ်တစ်ဦးက "မြင်ဖူးသမျှ ဝတ်စုံတွေထဲမှာ အဆိုးဆုံးပဲ"လို့ ပြောကြားသွားပါတယ်။

အခြားတစ်ဦးကလည်း "ဒါက နယူးကာဆယ်ဝတ်စုံ မဟုတ်ဘူး။ အရမ်းအရမ်း ဆိုးလွန်းတယ်"လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း "ရှက်ဖို့ကောင်းလိုက်တဲ့ အင်္ကျီ။ အဆိုးဆုံးဝတ်စုံပါ"လို့ ဆိုသွားပါတယ်။

နယူးကာဆယ်ဟာ ၂၀၂၄ ခုနှစ်တုန်းက Adidas နှင့် တစ်နှစ်လျှင် ပေါင်သန်း ၃၀ တန်ဖိုးရှိ အင်္ကျီစပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လာမယ့်ရာသီဝတ်စုံသစ်အား လာမယ့် နှစ်လအကြာတွင် ကြေညာလာဖို့ ရှိနေပါတယ်။

imageimage