ရာသီစာ မရမ်းသီးထောင်းဆေးဖက်ဝင်ခြင်း
မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သောရောဂါ၊ အဖျားဟောင်းနှင့် ကိုယ်တွင်းပူလောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်းစေသည်။
မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်းပျက်ခြင်းနှင့် ခံတွင်း အရသာမပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်သည်။
ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ်းသွားခြင်းများ အတွက် မရမ်းသီး ဆား ရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စား ပေးခြင်းဖြင့် ဝမ်းကိုက်ပိုးများကို သေစေနိုင်သည်။
အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်းစေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီးထည့်၍ ချက်ပြုတ်ခြင်းဖြင့် ပိုလျှံနေသော အဆီများကို ချေဖျက် နိုင်သည်။
အထူးသဖြင့် မရမ်းစေ့ကို ဝမ်းပိတ်ဆေးများတွင် အသုံးပြု နိုင်သည်။
crd