ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးများကိုမြန်မာပါဝင်တက်ရောက်
အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားေ-သကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တို-က်ဖျ-က်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နေ
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (International Cooperation Review Group - ICRG) အစည်းအဝေးများကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၃ ရက်အထိ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားေ-သကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တို-က်ဖျ-က်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
အကောင်အထည်ဖော် ဆောင်ရွက်ရေးအစီအမံ (Action Plan)ပါ အချက်များကို ပြည်တွင်း လူ့စွမ်းအားအရင်းအမြစ်များဖြင့် ဆောင်ရွက်ခဲ့ရာ ကြီးမားစွာလိုက်နာဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ချက် (၁၀) ချက်ထိ တိုးမြှင့်ရရှိလာခဲ့ကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် (၅) ချက်ကို အချိန်ကာလသတ်မှတ်၍ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကပြောသည်။
လက်ရှိ ဥပဒေပိုင်းဆိုင်ရာမူဘောင်များ ပိုမိုခိုင်မာမှုရှိစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) ၏ အကြံပြုချက်များနှင့်အညီ အကြမ်းဖက်မှုတို-က်ဖျ-က်ရေးဥပဒေနှင့် ယုံကြည်အပ်နှံမှုအက်ဥပဒေများကို ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ပြင် ငွေကြေးခဝါချမှုတို-က်ဖျ-က်ရေးဥပဒေကို အသစ်ပြင်ဆင် ပြဋ္ဌာန်းနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကို အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)က အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်းကို ၂၀၂၉-၂၀၃၀ တွင် ဆောင်ရွက်မည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိခြင်းကြောင့်နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးစေလိုကြောင်း လည်း ဗဟိုဘဏ် ဥက္ကဌ ကပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်ဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို အသိမှတ်ပြုသင့်ပါကြောင်းနှင့် ကျန်ရှိသည့် Action Plan များ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံ ပေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။