ဆေးသမားကြီး IDP စခန်းတွင် အဆောက်အဦးများနှင့် ရေတုံကင်များတပ်ဆင်ပြီးစီး
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆေးသမားကြီး IDP စခန်းတွင် အဆောက်အဦးများနှင့် ရေတုံကင်များတပ်ဆင်ပြီးစီးပြီဖြစ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်မှ စခန်းအတွင်း အဆောက်အဦးများဆောက်လုပ်ပြီးစီးနေမှု၊ ရေတုံကင်များတပ်ဆင်ပြီးစီးနေမှုနှင့် ရေရရှိနေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနများကဦးဆောင်ကာ စနစ်တကျနေရာချထားရေး၊ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများစနစ်တကျ စီမံထားရှိရေး အလေးပေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆေးသမားကြီး IDP စခန်းတွင် သစ်တိုင်၊ ထရံကာ၊ သွပ်မိုးဖြင့် အလျား (၄၅) ပေ၊ အနံ (၃၀) ပေရှိ အဆောက်အဦး (၁၈) လုံးနှင့် ရေတုံကင် (၁၈) လုံးတို့ကို တပ်ဆင်ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

image