တရုတ်-မြန်မာ ချစ်ကြည်ရေးသမိုင်းသစ် အတူတကွ ရေးဖွဲ့မည်
-------------------------------------
တရုတ်-မြန်မာ ချစ်ကြည်ရေးဆက်ဆံမှု သမိုင်းသစ်ကို အတူတကွ ရေးဖွဲ့သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်က ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် မြင်းနှစ် တရုတ် နှစ်သစ်ကူးပွဲတော်အခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
၂၀၂၅ ခုနှစ်ဟာ တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ ထိပ်သီးခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုအောက်မှာ အဆင့်သစ်တစ်ခုကို တက်လှမ်းခဲ့တယ်လို့ မစ္စ မာကျားက ပြောပါတယ်။
တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်မှုအသစ်တွေ ရရှိခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏဟာ ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့သလို တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကလည်း ၂၃၀ ရာခိုင်နှုန်းထိ တိုးတက် ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွားဧည့်သည်ဦးရေကလည်း နှစ်သိန်းခွဲကျော် ရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ခရီးသွားအရင်းအမြစ် နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ခရီးစဉ်သစ် တစ်ခုကို စတင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူညီထားတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို အကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးကို လက်တွဲခိုင်မာစေကာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုတွေကို တွန်းအားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စ မာကျားက ပြောကြားခဲ့ပါတယ်။

image