ဝါရင့်ကွင်းလယ်ကစားသမားမိုဒရစ်ကို အေစီမီလန် စာချုပ်သက်တမ်းတိုးမည်
====================
အေစီမီလန်ဟာ ဝါရင့်ကွင်းလယ်ကစားသမားလူကာမိုဒရစ်အား စာချုပ်ပါအချက်အတိုင်း တစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလာပါမယ်။
Ballon d'Or ဆုရှင် ခရိုအေးရှားအသင်းခေါင်းဆောင်ဟာ နွေရာသီတုန်းက ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာပြီးနောက် အေစီမီလန်သို့ ပြောင်းလာသူ ဖြစ်ပါတယ်။
သူဟာ မီလန်သို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းလာတာ ဖြစ်ပေမယ့်လည်း စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မယ့်အချက် ထည့်သွင်းချုပ်ဆိုထားပါတယ်။
မိုဒရစ်ဟာ အသက် ၄၀ နှစ်ရှိပေမယ့်လည်း အေစီမီလန်အတွက် စီးရီးအေပွဲ ၂၃ ပွဲကစားထားကာ ၂ ဂိုးသွင်းပြီး အဓိကနေရာမှ ကစားနေသူလည်း ဖြစ်ပါတယ်။
အေစီမီလန်ဟာ မိုဒရစ်အား စာချုပ်သက်တမ်းတိုးရေး ဆုံးဖြတ်လာသလို တဖက်တွင် နံပါတ်တစ်ဂိုးသမားမိုက်မိုင်နန်၊ နောက်ခံလူဖီကာယိုတိုမိုရီနှင့် အမေရိကန်စတားပူလီဆစ်တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေပါတယ်။