စပါးစ်ကို ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ကိုင်တွယ်လာမယ့် အိုင်ဂေါ်ကျူဒေါ်
===================
အိုင်ဂေါ်ကျူဒေါ်ဟာ စပါးစ်ကို ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာပါတယ်။
စပါးစ်ဟာ တန်းဆင်းဇုန်နှင့် ၅ မှတ်အကွာတွင် ရပ်တည်နေရပြီးနောက် နည်းပြသောမတ်စ်ဖရန့်ကို ထုတ်ပယ်လာခဲ့ပါတယ်။
စပါးစ်ဟာ အိုင်ဂေါ်ကျူဒေါ်ကို ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ပြီး နွေရာသီတွင်မှ အမြဲတမ်းနည်းပြခန့်အပ်သွားပါမယ်။
ကျူဒေါ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းက ၈ ပွဲဆက် နိုင်ပွဲပျောက်ပြီးနောက် ဂျူဗင်တပ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ ခရိုအေးရှားလက်ရွေးစင်ဟောင်းဟာ လာဇီယို၊ မာဆေး၊ ဂါလာတာစာရေး၊ အူဒီးနီးစ်တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
စပါးစ်ဟာ အိုင်ဂေါ်ကျူဒေါ်ရဲ့ ယခင်ကလပ်အတွေ့အကြုံများကြောင့် အသင်းအား ချက်ချင်း ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးလာနိုင်ခြေရှိနေမှုနှင့်အတူ ယာယီနည်းပြအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လာတာပါ။
သူဟာ နည်းပြဘဝတစ်လျှောက် တစ်ခုတည်းသော ဆုဖလားအဖြစ် ခရိုအေးရှားကလပ် Hajuk Split နှင့်အတူ ၂၀၁၃ ခုနှစ် ခရိုအေးရှားရှုံးထွက်ဖလားရထားပါတယ်။
သူဟာ ကစားသမားဘဝတုန်းက ဂျူဗင်တပ်တွင် ၉ နှစ်ကြာ ကစားခဲ့ကာ စီးရီးအေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တစ်ကြိမ် တက်ရောက်ဖူးပါတယ်။
သူဟာ ခရိုအေးရှားလက်ရွေးစင်အသင်းနှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိဖူးပါတယ်။
စပါးစ်ဟာ ကျူဒေါ်အနေဖြင့် ရာသီအကုန်အထိ ကာလအတွင်း ရလဒ်ကောင်း ရယူပေးနိုင်ပါက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး တံခါးဖွင့်ပေးထားပါတယ်။

image